7🌚

13.2K 354 67
                                    

ရိုင်းစိုင်းပြီးပွင့်လင်းသောအသုံအနှုန်းကိုသုံးထားပါသဖြင့် အဆင်ပြေမှဆက်ဖတ်ပါရန်
.
.
.
အခုမှရင်းနီးဖို့ကြိုးစားနေကြတဲ့ သူတို့နှစ်ယောက်တကယ်ကတော့အကြံကိုယ်စီနဲ့ပါ သို့သော် ကြိုးစားဆဲလို့ပဲပြောရတော့မှာပေါ့..
ဒါပေမယ့်လည်းစား သောက်ဆိုင်ကအပြန်မှာ ဘယ်မှထွေထွေထူးထူးသွားစရာရှိမနေတော့ အိမ်သို့သာပြန်လာလိုက်သည်..

သူတို့မပြန်ခင် ဟိုဘီစီက အခြေအနေသိရန် vd call ဝင်လာတာကြောင့် ကားပေါ်တက်ရင်းတန်းလန်း တံခါးပိတ်လိုက်ပြီးအပြင်မှာ​သာစကားပြောနေတဲ့ဂျောင်ဂု..

- ဟေ့ရောင်ဘယ်မှာလည်း အခြေအနေရော

- မင်းဆိုင်ကတကယ်ကိုလီးဆိုင်နော် လီးလိုကောင်ငါ့ကိုဘယ်လိုဆိုင်ညွှန်လိုက်တာလည်း

- ဟားဟားမကြိုက်ဘူးလား

- အေးအကြိုက်လွန်နေတာ ဆိုင်ထဲတောင်ထလုပ်မိတော့မတက်ပဲ

- အဲ့လောက်တောင်လား

ဟိုဘီနဲ့ဖုန်းပြောရင်း အကြည့်တို့က ကားပေါ်မှာထိုင်နေတဲ့ ထယ်ဟျောင်းစီသာရောက်ရောက်နေသည်..

ကားပေါ်ကတယောက်ကလည်းဖုန်းကြည့်ရင်း ဘာကိုသဘောကျနေလည်းမသိ ကားထဲတယောက်ထဲ ရယ်မောနေလေရဲ့..

- အေးဟိုကောင်က အားးဘာမှမဟုတ်တော့ဘူး ဒါပဲဟေ့ရောင်

- ဟားဟားဟား ဂျွန်ဂျောင်ဂု ဂျွန်ဂျောင်ဂု အေးအေးဒါပဲ ဟေ့ရောင်

ဖုန်းပြောပြီးတာနဲ့ ကားပေါ်တက်လိုက်တော့ သူ့ကိုတဖန်ပြုံးပြပြန်တဲ့ထယ်ဟျောင်း.. သူလည်းမသိချင်ယောင်ဆောင်လိုက်ပြီး အိမ်သို့သာပြန်လာခဲ့တော့ သည်..လမ်းတဝက်လောက်မှာ ဝင်လာတဲ့ဖုန်း ဒီတခါက ဂျီမင်စီကဖြစ်လို့နေသည်..

# မင်းတို့တွေတော်တော်အားနေလား တယောက်တလည့်စီခေါ်နေတာ

# ဂျောင်

# ကြားလားဟေ့ရောင် ဘယ်သူဆိုတာ

# ကြားတယ် ငါအခုလာခဲ့မယ်

ချက်ချင်းဆိုသလိုပင် ကားကိုလမ်းဘေးတနေရာသို့ထိုးရပ်လိုက်တော့သည်..ဖြစ်ချင်တော့မိုးကလည်းဖျောက်တောက်ဖျောက်တောက်နဲ့ကျလို့နေသည်..

𝕄𝕣. 𝕄𝕣 (complete) Where stories live. Discover now