"အခုလို ကျွန်တော့်ကိုယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်""မင်းအဖေလက်ထက်ကတည်းက နံမည်ရှိပြီးသားမို့လို့ မင်းကိုအခွင့်အရေးပေးတာပါ ယုံကြည်လို့ရမယ်မဟုတ်လား"
"စိတ်ချပါ ကျွန်တော့်ကိုယုံလို့ အမှားမရှိစေရပါဘူး"
"ဒါဆို နောက်လည်းဆက်ပြီးလက်တွဲချင်ပါသေးတယ်"
"ဆက်သွယ်လာမှာကို စောင့်နေပါ့မယ်"
"တစ်ခါတည်းပြန်မှာလား အပျော်လေးဘာလေးမရှာတော့ဘူးလား"
"မလိုက်တော့ပါဘူးဗျာ ကျွန်တော်စိတ်မဝင်စားတတ်လို့ပါ"
"ဧကန္တ ဆိုင်သူရှိပြီးသားများလား မကြားမိသေးသလိုပဲနော်"
"မရှိသေးပါဘူးဗျာ သူငယ်ချင်းတွေဆီအလည်လာရင်းနဲ့မလို့ပါ သူတို့စိတ်ပူနေမှာဆိုးလို့"
"အဲ့ဒါဆို ဒီနေရာမှာတင်လမ်းခွဲကြတာပေါ့"
"ဟုတ်ကဲ့ ကောင်းကောင်းသွားပါဗျ"
အားလုံးပြီးသွားမှ သူ,ထိုဆိုင်မှထွက်ခဲ့သည်။ကောင်းကင်ကြီးကိုမော့ကြည့်တော့ နေရောင်ကစူးရှရှ။မျက်လုံးကိုလက်နှင့်ကာပြီး ခေါင်းပြန်ငုံ့လိုက်သည်။
ဒီကပြန်လျှင်လခြမ်းတို့ဆီဝင်ရမည်။ဒီနေ့ ကိုစက်ရိပ်တို့အားသဖြင့် သုံးယောက်သားလျှောက်လည်သည်ပြောသည်။သူကတော့ အလုပ်ကိစ္စကြောင့်မလိုက်ဖြစ်။
ဒီတစ်ခါရောက်လာတာ လခြမ်းနဲ့သိပ်မတွေ့ဖြစ်။ဘယ်ကပေါ်ပေါ်လာမှန်းမသိသော ဇွတ်ရေစက်ဆုံချင်သူကြောင့် အမြဲပါပါသွားရတာ။ဒီနေ့တော့ လခြမ်းကိုအချိန်ပေးအုံးမည်။
"အယ် ဥယျဥ်မှူးလေး တိုက်ဆိုင်ပြန်ပြီနော်"
အတွေးမဆုံးမီရောက်ချလာသူက ကောင်းကင်ပြာပြာကြီးအောက် မြေပြင်ထက်က တိမ်ပြာပြာလေးလို။ ဟိုတစ်နေ့ကသွားဆိုးခဲ့သည်ဆိုသော ဆံပင်အပြာရောင်လေးက အသားဖြူသောသူနှင့် သိပ်ပေါ်လွင်နေသည်။အဖြူရောင်တီရှပ်ပေါ် အပြာနုရောင်ရှပ်လက်ရှည်နှင့်နက်ပြာရောင်ဂျင်းဘောင်းဘီက သူ့အားပိုငယ်ရွယ်စေသလိုမျိုး။
YOU ARE READING
OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ် OCEAN (or)သမုဒၵရာပိုင္တဲ့လျခမ္းငယ္ငယ္
Paranormalမင်းကိုပိုင်ဆိုင်ခွင့်နဲ့ပတ်သပ်လာရင် ကံကြမ္မာကိုတောင်စိန်ခေါ်ပစ်မယ်ငယ်ငယ်