28🌚

5.3K 260 84
                                    

show ပွဲကနီးလာတော့ show ပွဲနဲ့ ပက်သက်တဲ့အခြားနယ်ပယ်ကလူတွေနဲ့တွေ့စုံဖို့တွေဖြစ်လာတာကြောင့် ဒီနေ့ သူတို့ကုမ္မဏီသို့ မော်ဒယ်အေဂျင်စီကလူတွေရယ် မိတ်ကပ်ပြင်တဲ့ မိတ် ကပ်ဆရာ ဆံပင်ပြင်တဲ့သူတွေအစုံ တော်တော်များများရောက်လာကာ အစည်းအဝေးကျင်းပဖြစ်သည်..

အစည်းဝေးခန်းထဲသို့ ဒီဇိုင်းနာတယောက်အနေနဲ့ သူကအရေးပါဆုံးလူတယောက်ပေါ့.. အရေးကြီးတဲ့အချက်အလက်စာရွက်တွေယူကာ ဝင်လာခဲ့သည်..အစည်းအဝေးခန်းထဲရောက် သူ့ထိုင်မယ်နေရာမှာစာအုပ်လေးချလိုက်ချိန်မှာအနောက်ကလှမ်းပြောတဲ့စကားသံကြောင့်မထိုင်ဖြစ်တော့ပဲလှည့်ကြည့်မိတော့သည်..

" မတွေ့ရတာကြာပြီနော် ဂင်မ်ထယ်ဟျောင်းshi "

သူ့ကိုနှုတ်ဆက်လာသူကြောင့်မျက်နှာမသိမသာမဲ့မိသွားကာချက်ချင်းပြန်ပြုံးလိုက်ပြီး

" အင်းမတွေ့ရတာကြာပြီနော် ဟန်ယူရီshi "

" ငါက မိတ်ကပ်ပိုင်းကလေ ကူညီပေးပါအုံး "

" အင်း "

အစည်းအဝေးပွဲစလယ်ဆုံးကို CEO ဖြစ်တဲ့ ယွန်းဂီ ကဘာတခုမှဝင်မပြောကာ ထယ်ဟျောင်းကသာ အစအဆုံးသူလက်သူခြေဖြစ်သာပြုလုပ်သွားတာကိုရှေ့ဆုံးကနေပြုံးပြုံးကြီးကြည့်နေတဲ့ CEO ယွန်းဂီ.. ထိုသို့ကြည့်နေတာကို အကဲခက်နေတဲ့ ယူရီ.

" ထယ်ဟျောင်း "

အစည်းအဝေးပွဲပြီးလို့ အားလုံးကိုနှုတ်ဆက်နေတဲ့ ထယ်ဟျောင်း ယူရီတယောက်မပြန်သေးပဲလူရှင်းကိုစောင့်နေပြီး

" အင်းပြော "

" ပွဲနေ့မှတွေ့မယ်လို့ပြောမလို့ပါ "

ရုပ်ကိုကဆွဲဖြဲချင်လောက်အောင်ရုပ်နဲ့ ပြောသွားတဲ့ယူရီကို ထယ်ဟျောင်း ငယ်ငယ်တုန်းကရောခုထိရောကြည့်မရ ငယ်ငယ်လေးထဲက ဂျောင်ဂုကအသဲဖြစ်ခဲ့တာကြောင့်ပိုကြည့်မရသလို သူ့ကြောင့် ဂျောင်ဂုကသူ့ကိုမိုးရေထဲထားခဲ့တာကြောင့်လည်းပို၍စိတ်တိုကာကြည့်မရလာသလို ပထမတခါလမ်းခွဲရတာကလည်းသူကြောင့်ဖြစ်နေတာကြောင့် ယူရီကိုမြင်ရင် ထယ်ဟျောင်းတစစီလုပ်ပြစ်ချင်တာပဲသိသည်..

𝕄𝕣. 𝕄𝕣 (complete) Where stories live. Discover now