30

3.4K 278 93
                                    

သက်သေရှာနေတဲ့ ကာလတလျှောက်လုံးမှာ ဂျောင်ဂုတယောက်အရက်သမားလုံးလုံးကိုဖြစ်လို့သွားတော့သည်..ထယ်ဟျောင်းက သူနဲ့ပက်သက်သမျှအရာအားလုံး ဆံပင်မွှေးလေးတမျှင်တောင်မကျန်ခဲ့စေရအောင် သူတို့နှစ်ယောက်ရဲ့အိမ်ကို အိမ်သန့်ရှင်းရေးသမားတွေပါလွှတ်ကာ အကုန်ရှင်းလင်းခိုင်းတာများ ဂျောင်ဂုမှာဘာမှတောင်မပြောနိုင်တော့..

" ကျေးဇူးတင်ပါတယ် အကို.ကျွန်တော်တို့အားလုံးရှင်းလင်းပြီးပါပြီ ဒါက တဖက်က အကိုလူကြုံပေးခိုင်းလိုက်တဲ့ပစ္စည်းလေးပါ "

" ဟုတ်ကဲ့ကျေးဇူးပါ "

အိမ်သန့်ရှင်းရေးသမားတွေပြန်သွားတော့ သူတို့ပေးခဲ့တဲ့ ဘူးလေးကို စားပွဲပေါ်တင်ကာ ဆိုဖာမှာစိတ်ပျက်လက်ပျက်ထိုင်ကာ..

" တကယ်ကို အားလုံးပြီးသွားပြီတဲ့လား ထယ် မင်းရဲ့အငွေ့အသက်လေးတောင်မကျန်ခဲ့အောင်သန့်ရှင်းခိုင်းလိုက်ရအောင် မုန်းသွားပြီလားငါ့ကို "

စားပွဲပေါ်ကဘူးလေးကိုယူကာဖွင့်ကြည့်လိုက်တော့မှ ဂျောင်ဂုရဲ့ပါးပြင်ပေါ်ပို၍မျက်ရည်များစီးကျလာတော့သည်..ဘူးလေးထဲက လက်စွပ်လေးကိုကြည့်ရင်း

" တကယ် တကယ်ကိုပြီးပြီတဲ့လား မင်းသဘောကျခဲ့တဲ့ လက်စွပ်လေးကိုတောင် မင်းချွတ်လိုက်ပြီပေါ့ ငါမင်းစီပြန်လာမှာ အမှန်တရားတွေနဲ့မင်းစီပြန်လာမှာ ငါမင်းကိုအဆုံးအရှုံးမခံနိုင်ဘူး ထယ် လုံးဝ အဆုံးအရှုံးမခံနိုင်ဘူး ထယ်!!!!!"

.....

အရေးကြုံရင်သူငယ်ချင်းတွေသာ သူ့အနားရှိသလို ညီကိုရင်းနဲ့မခြား အချိန်မရွေးသူနားရှိနေပေးနိုင်တာလည်းသူငယ်ချင်းနှစ်ယောက်သာ ဆိုးတူကောင်းဘက်ပေါင်းလာကြတဲ့သူငယ်ချင်းတွေ..

ဟိုဘီ " ဂျောင်ဂုတော်လောက်ပြီ အဲ့လိုနဲ့မင်းအရက်နဲ့လုံးပါးပါးတော့မယ် "

" ငါဘာဆက်လုပ်ရမလည်း ထယ်က ထယ်ကငါ့ကိုမုန်းတယ်တဲ့ကွာ ငါ့ကိုမုန်းတယ်တဲ့ ငါတို့မတွေ့ရတာတပတ်ကျော်ပြီ ငါထယ်ကိုအရမ်းလွမ်းတယ်လေကွာ သူလည်းငါ့ကိုလွမ်းနေမှာငါသိတယ် "

𝕄𝕣. 𝕄𝕣 (complete) Where stories live. Discover now