38🌚 (little)

4.5K 193 44
                                    

(ဒီအပိုင်းကို နည်းနည်းလောက် sensitive မဖြစ်ပဲသည်းခံပေးဖို့တောင်းဆိုပါတယ် roleplay မို့အဝတ်အစားကြောင့် ဖတ်နေရင်းအဆင်မပြေတော့ဘူးဆိုရင်ကျေးဇူးပြု၍ ကျော်လိုက်ပါဗျာ ဒါလေးတောင်းဆိုပါတယ်)

စုတ်ပျက်နေတဲ့ စိတ္တဇ ဆေးရုံကြီးတခုအထဲ ရူးသွပ်နေတဲ့လူနာတွေထားရာ မီးရောင်မိန်ပြပြ ညစ်စုတ်စုတ်အခန်းတွေရဲ့ လျှောက်လမ်းတလျှောက် ဒေါက်ဖိနပ်နှင့်ကြမ်းပြင်ထိလိုက်တိုင်းထွက်ပေါ်လာတဲ့ တောက် တောက် တောက် ဆိုသည့်အသံဟာ ဆိုးဝါးစွာရူးသွပ်နေတဲ့ လူနာတွေအတွက်တော့ နားထဲသို့သံရည်ပူလောင်းသလိုဆူညံ့နေသည်..ဤသို့ထက် ထိုဖိနပ်ပိုင်ရှင်၏ သူတို့အပေါ်ဆိုးရွားစွာဆက်ဆံပုံက ပို၍ပင်ကြောက်ကြကောင်းသည်..

တချိန်လုံးတိတ်ဆိတ်နေတဲ့ ထိုအဆောင်ကြီးဟာ ထိုဒေါက်ဖိနပ်သံကြားလိုက်ရရင်ဖြင့် ဆိုးရွားစွာအော်ဟစ်ဆူညံသံတွေကတယောက်ကနေစလိုက်တာနဲ့တဆောင်လုံးကို ကူးစက်ရောဂါအလားပျံ့နှံ့သွားစေတော့သည်...

ထိုဆေးရုံကလူနာတော်တော်များများဟာ အိမ်မှာရှိနေစဥ်ကယဥ်ယဥ်လေးသာရူးခဲ့ကြပေမယ့် ဆေးရုံရောက်လာတာနဲ့မကြာပါဘူး ပို၍ဆိုးရွားသွားကြသလို ထိုဒေါက်ဖိနပ်သံကြောင့် သွပ်သွပ်ခါအောင်ဖြစ်သွားတဲ့သူတွေလည်းရှိသည်..

ထိုသို့အော်ဟစ်သောင်းကျန်းနေသူတွေထဲမှာ မိဘတွေကယဥ်ယဥ်လေးရူးနေသည်ဟုသာ ဆေးရုံသို့လာပို့ထားကာ အခြားသူတွေလိုဆေးရုံရောက်မှဆိုးသွမ်းသွားသူတွေထဲ ထိုတယောက်တော့မပါ.

အမြဲတန်းတိတ်ဆိတ်နေတဲ့အခန်းငယ်လေး ဒေါက်ဖိနပ်သံကြောင့်အခြားသူတွေအော်ဟစ်နေပေမယ့် အခန်းနံပါတ် 10997 ကတော့အပ်ကျသံတောင်မကြားရ ဒေါက်ဖိနပ်သံ သူ၏အခန်းရှေ့မှာရပ်လို့သွားကာ မကြာပါဘူး ကြားရပြန်တဲ့တံခါးခေါက်သံ.

ဒေါက် ဒေါက် ဒေါက်

ဒေါက်ဖိနပ်ပိုင်ရှင်လေးသူ၏အခန်းတွင်းသို့ဝင်ရောက် လာလျှင် အမြဲလိုလိုအပြင်သို့ကြည့်နေတက်တဲ့ ထိုလူနာ ပြတင်းပေါက်တံခါးနားကနေ လှည့်ကြည့်လာတဲ့အကြည့် နှုတ်ခမ်းတဖက်သာတွန့်ကွေးအောင်ပြုံးလိုက်တဲ့ လူယုတ်မာဆန်ဆန်အပြုံး

𝕄𝕣. 𝕄𝕣 (complete) Where stories live. Discover now