{9}

2.6K 250 3
                                    

ဘာကြောင့်လဲ...ပတ်ခ်ဂျီမင်....
ဘာကြောင့်လဲ....

"မအိပ်နဲ့ သွားကွာ....သွား...."

လက်သေးသေးလေးတွေနဲ့ တွန်းထုတ်နေတဲ့....
သားပေါက်လေးမှာ....အသဲယားဖွယ်အတိ....

"ကျစ် !!! ဟန်နီ !!! "

လေသံမာမာနဲ့ ခပ်ကျယ်ကျယ်ပြောလိုက်တော့...
ဂျီမင် နောက်ဆုတ်သွားသည်။

"ကိုယ် ဒီမှာပဲ အိပ်မယ်...ဟန်နီ..တိတ်တိတ်နေ...."

အိပ်ယာပေါ်ကို အရင်ရောက်သွားတဲ့...
ဂျောင်ကုကိုကြည့်ရင်း...ဂျီမင့်မှာ ပြူးကြောင်ကြောင်....

"ဘာကြည့်နေတာလဲ...လာလေ..."

"အာ...အင်...."

တွန့်ဆုတ်နေတဲ့ ကလေးငယ်ကို....
ပုခုံးနှစ်ဖက်မှာ ဆွဲလှဲလိုက်ပြီး...
ရင်ခွင်ထဲမှာ နစ်နေအောင် ဖက်ထားလိုက်တယ်....

"ဂျောင်ကု....."

ပြူးကြောင်ကြောင်နဲ့ ကလေးငယ်ကို...
ကြည့်ရင်း...ဂျောင်ကုစိတ်ထဲ တစ်မျိုးပင်....

အင်...အချစ်ဆိုတာမျိုးလား.....

"အိပ်မပျော်ဘူးလား....ဟန်နီ...ကိုယ်သီချင်း...
ဆိုပြမယ်...."

"ဟမ်...."

အသံအေးအေးနဲ့ Still with you သီချင်းကို တိုပြနေတဲ့...ဂျောင်ကုဟာ သိပ်ကိုကြည့်ကောင်းလွန်းတယ်....

*ဘယ်တော့များလဲ မင်းကိုနောက်တစ်ကြိမ်ထပ်ပြီး...တွေ့ရရင်... မင်းရဲ့ မျက်၀န်းတွေကိုကြည့်ပြီးပြောမယ်....လွမ်းနေခဲ့တာ ပါလို့....ကြည်နူး ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရတွေထဲမှာ...ကိုယ်တစ်ယောက်တည် ကခုန်ရင်း....မိုးလည်းရွာသွန်း နေတုန်း....ဒီအခိုးအငွေ့တွေရှင်းသွားတဲ့ အချိန်....
ရေစိုနေတဲ့ ခြေထောက်တွေနဲ့ မင်းဆီပြေးလာခဲ့မယ်....အဲ့အချိန်ကြရင် ကိုယ့်ကို ထွေးပွေ့ထားပေးပါ.....*
{ဟန်းဂုလိုကျ ရေးဖို့အဆင်မပြေလို့...Tran နဲ့ပဲရေးထားတာပါညော်...}

ဆောင်းညတာ အေးအေးနဲ့ ဂျောင်ရဲ့ သီချင်းသံဟာ...သိပ်ကို လိုက်ဖက်လွန်းပါတယ်....

ဂျောင်ကုရင်ခွင်ထဲက သားပေါက်ကလေးမှာ....
အိပ်ပျော်နေလေပြီ...တစ်ခဏတာ သီချင်းသံကြားမှာ....အိပ်ပျော်သွားတဲ့ သားပေါက်ကလေးမှာ...သိပ်ကို လှလွန်းနေ.....

အတိတ်💔   [Compelet]Where stories live. Discover now