အပိုင်း ရှစ်

1.5K 158 6
                                    

အံ့ဩမင်သက်နေကြတဲ့ လူတစ်စုကို ထားခဲ့ပြီး ချွဲဆွန်းချော ကောင်လေးကို ပွေ့ကာ ကားပေါ်တက်လိုက်တယ်။ ရင်ခွင်ထဲက‌ ကောင်လေးကတော့ ငြိမ်သွားတာမို့ အိပ်ပျော်သွားပြီထင်တယ်။ ကားရှေ့ခန်းက ဒါရိုက်ဘာကို အမိန့်ပေးလိုက်တယ်။

"Villaကို ပြန်မယ်..."

ဗီလာရှေ့ ‌ကားရပ်လိုက်သည်နှင့် ချွဲဆွန်းချော ကားထဲမှ ထွက်ကာ အိမ်ထဲကို ဝင်လာပြီး အပေါ်ထပ်ကို တက်လာလိုက်တယ်။

"ရှေ့နေ့ဂင်ကို ခုချက်ချင်းလာဖို့ပြောလိုက်"

ကြီးမားသော နှစ်ယောက်အိပ်ကုတင်ပေါ် ကောင်လေးကို အသာချရင်း ကြည့်ကြည့်တော့ တကယ် စိတ်ချလက်ချအိပ်ပျော်နေတာမို့ စောင်ခြုံပေးပြီး အပြင်ပြန်ထွက်လာခဲ့တယ်။

"မင်္ဂလာပါ စီအီးအို..."

ချွဲဆွန်းချော ခေါင်းညိတ်ရင်း ထိုင်ခုံမှာ ဝင်ထိုင်ဖို့ လက်ဟန်ပြလိုက်တယ်။

ရှေ့နေဂင်က "အတွင်းရေးမှူးပတ် ပြောလို့ အခြေအနေတွေကို ကျွန်တော်သိပြီးပါပြီ။ အသက်မပြည့်သေးတဲ့ အိုမီဂါကို ဖယ်ရိုမုန်းနဲ့ သွေးဆောင်ဖြားယောင်းတာက ပြစ်မှုကြီးမို့ သေချာပေါက် ထောင်ကျနိုင်ပါတယ်..."

ဆွန်းချောက "ကောင်းပြီ....မင်းစီစဉ်လိုက်ပါ...ပြီးတော့ အတွင်းရေးမှူးပတ်...ယွန်းဂျောင်ဟန်နဲ့ ‌ယွန်းလုပ်ငန်းစုပတ်သက်မှုကို စုံစမ်းလာခဲ့...ယွန်းဆောင်းဆူမှာ သားတစ်ယောက်ပဲရှိတာမို့ ယွန်းဂျောင်ဟန်နဲ့ ဘယ်လိုပတ်သက်လဲ ငါသိချင်တယ်..."

"ဟုတ်ကဲ့ပါ...အခုချက်ချင်း သွားလုပ်လိုက်ပါ့မယ်"

ဆွန်းချောက "သွားကြတော့..."

ရှေ့နေဂင်နဲ့ အတွင်းရေးမှူးပတ် ထွက်သွားပြီး သူလည်း အပေါ်ပြန်တက်လာခဲ့တယ်။
ကောင်လေးက နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတုန်းပဲ။ ဒီကောင်လေးက သူ့ဆီဘာရည်ရွယ်ချက်နဲ့လာခဲ့တာလဲ သူမသိဘူး။ အခုချိန်မှာ သူသိတာက ဒီကောင်လေးကို ကာကွယ်ပေးချင်တယ်။

"တီ....တီ....တီ"

ဆွန်းချော ဖုန်းသံကြားလိုက်ရတာမို့ ရှာလိုက်တော့ ကောင်လေးဖုန်းပဲ။

ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)Where stories live. Discover now