"ဆရာတော် ငါ့ကိုလာပြောတယ် မင်းတို့ ပြဿနာရှာလိုက်ပြန်တယ်ဆို "
"သားမဟုတ်ပါဘူးနှင်းရည်ပါ "
နှင်းရည်ကတော့ စူပုတ်လျှက် မသိရင် သူ့ကဘဲမှန်သလိုနဲ့ ဆရာတော်ကို သွားတိုင်တယ်ဆိုတော့ ကြည့်လို့ကိုမရနိုင်တော့ပါ
"ဟုတ်လားနှင်းရည် "
"ဟုတ်တယ် "
"နင့်တို့ကိုငါပြဿနာ မရှာခဲ့နဲ့လို့မပြောလိုက်ဘူးလား "
"ပြဿနာမရှာပါဘူး ပါးစပ်နဲ့ဘဲပြောလိုက်တာပါ သူတို့က ဘာလို့ နှင်းရည်ရဲ့အကိုတွေကိုလာခိုင်းလဲ "
"သူမနိုင်လို့ သယ်ခိုင်းတာနေမှာပေါ့ ဟိုက ယောင်္ကျားတွေ သယ်နိုင်တာဘဲလေ "
"အိုဟို မသယ်ခိုင်းပါနဲ့ နှင်းရည်ကလည်း ရေသာခိုအချောင်လိုက်တဲ့သူကိုအရမ်းမုန်းတာ နှင်းရည်ကိုယ်တိုင်လည်းး မြို့က အဝတ်တွေပါလာရင် ကိုယ့်ဟာကိုယ်ဘဲသယ်တာ ဘယ်သူမှအားမကိုးဘူး "
ရေးသာခိုအချောင်လိုက်တယ်ဆိုတဲ့စကားကြောင့် တစ်စုံတစ်ယောက်တော့ ထိုင်ရမလိုထရမလိုတွေ ဖြစ်လို့။
"အဲ့တာထားစမ်း တစ်ခါတရံလေးကူညီခိုင်းတာလေ နင်ကအက်လိုပြောလိုက်တော့
ငါသူကြီးလေ ဆရာမလေးတွေကိုဘယ်လိုမျက်နှာပြရမလဲ ရွာနမည်လဲပြတ်အုန်းမယ် နည်းနည်းပါတွေးစမ်းပါ ""မတွေးနိုင်ပါဘူး "
အဖေပြောတာမဆုံးသေးဆောင့်အောင့်ပြီးထွက်သွားတာကိုမြင်တော့ ရာချီပါသူ့ညီမနောက်လိုက်သွားရ၏
"နှင်းရည် အဖေကလေ ဘယ်လိုသူကြီးဖြစ်တာလဲမသိဘူး "
"ဟုတ်ပါ့ ပိုက်ဆံသိမ်းဖို့နဲ့ ဆူငေါက်ဖို့ဘဲသိတာကိုဘယ်သူက ခန့်လိုက်လဲမသိ "
ရှေ့မှာတော့အတင်းမပြောရဲတာကြောင့်နောက်ခန်းမှာဘဲ နှစ်ယောက်သား အတင်းတုတ်ကြ၏
"ထားပါ ဒီနေ့ကိုကိုပုံတို့ဆီသွားနော် "
"အင်းပါ "
"ကိုကိုပုံ့ဆီဘယ်သူလာလာလက်မခံနဲ့တော့ ခွေးလိုသာ အော်ထုတ် "
အော် သူ့ကိုစောင့်ဖို့အတွက်နဲ့ အကိုဖြစ်သူကိုခွေးဖြစ်အောင်လုပ်လိုက်တဲ့ညီမ ကျေးဇူးတော်ကြီးမားပါတယ်
YOU ARE READING
သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)
Randomပုံတိုင်းဆောင် +ရာချီဒွေး သူကြီးသားလေးနဲ့ အပေါင်ဆိုင်သားလေးတို့ကိုဖတ်ပေးကြပါအုန်းရှင့် တောရွာပုံစံလေးကိုမှ ကြိုက်နှစ်သက်ရင်တော့ဒါလေးဖတ်ဖို့တောင်းဆိုပါတယ်ရှင့်....။