Part 19

5.1K 222 43
                                    

စိတ်ကျန်းမာရေးအထူးကု ဆေးခန်း
(ဒေါက်တာမင်းသော်)
-----------------------------------------------
"၂လကျော်နေပြီ ‌အခြေနေမတိုးတက်လာသေးဘူးနော်။ ခုကိစ္စကို မိသားစုနဲ့တိုင်ပင်ဖြစ်ရဲ့လား"

"ကျွန်တော် မလိုအပ်ဘူးထင်လို့ မတိုင်ပင်ဖြစ်ပါဘူး"

"အဲ့လို လုပ်လို့ရမလား ခုမှစိတ်ကျရောဂါအစပဲရှိသေးတယ် လူကခုလို မရယ်မပြုံးအမြဲမှိုင်နေတာ"

"အဆင်ပြေပါတယ်။ ဒီတိုင်းပဲ ဆေးသောက်လိုက်မယ်။"

"မင်းကိုတော့ပြောလို့မနိုင်ဘူး"

"ဒါနဲ့ ခုက ဟိုကိစ္စနဲ့ကောဆိုင်လား"

"ဆိုင်တာပေါ့ ခုဆိုမင်းခန္ဓာကိုယ်က ပုံမှန်မဟုတ်တဲ့ပြောင်းလဲမှုတွေစတင်နေပြီ။ အဲ့ပြောင်းလဲမှုကိုခံနိုင်ဖို့ဆိုရင် မင်းရဲ့ဟို...........။
ဆရာအမှန်တိုင်းပြောမယ်နော်။မင်းနဲ့အိပ်ခဲ့တဲ့ အဲ့enigmaဆီက ဟော်မုန်းအကူအညီမရရင် မင်း လူရောစိတ်ရော ဂျုန်းဂျုန်းကျသွားလိမ့်မယ်။"

"ကျွန်တော်အဆင်ပြေပါတယ်ဆရာ ဒါနဲ့ကျွန်တော်ပြန်တော့မယ်။ သွားခွင့်ပြုပါဦးဆရာ"

"သုတ! မင်းကိုငါ့ညီလေးလို သဘောထားလို့သတိပေးလိုက်မယ်နော် omega တစ်ယောက်ရဲ့ ဘဝကမလွယ်ဘူး။ အဲ့ထက်ပိုဆိုးတာက ခုလို မျိုးစိတ်ပြောင်းလဲတာပဲ။ မင်းအတွက် အန္တရာယ်အရမ်းများတယ်။ မင်းပြောင်းလဲနေစဉ်အတွင်းနာကျင်မှု အများကြီးခံစားရနိုင်တယ်။မင်းမှာ မင်းကိုခုလိုပြောင်းအောင် လုပ်‌ခဲ့တဲ့ Enigma ကလည်းမင်းနားမှာရှိပေးမနေဘူး။ မင်း Omega အဖြစ်အပြည့်အဝပြောင်းလဲသွားခဲ့ရင်လည်း မင်းကိုယ်မင်းဘယ်လိုကာကွယ်ရမလဲဆိုတာ မင်းသေချာမသိဘူး။ မင်း‌စိတ်ပိုင်းဆိုင်ရာကလည်း...ဟွန်း.....မင်းတော့စိတ်ထောင်းကိုယ်ကြေဖြစ်တော့မှာပဲ။"

"ကျွန်တော်နေသားကြနေပါပြီ ဒီကိစ္စကိုသာ လျှို့ဝှက်ထားပေးပါ။"

_______

ခုကျွန်တော် အိမ်ပြာတော်ရဲ့တရားဝင်သမတ်ဖြစ်လာတာ သုံးလရှိပြီ။  ခံစားချက်တွေလည်း ဘာမှမရှိတော့ဘူး။ စိတ်ဆိုးတာ ဝမ်းနည်းတာ ပျော်တာရယ်လို့ထွေထွေထူးထူးခံစားချက်ထား‌မနေတော့ဘူး။

LOVE POISON { Season 1 }Where stories live. Discover now