Chapter 27

542 34 3
                                    


''ဟေး နန်းသက်လျာ''

သက်လျာလှည့်ကြည့်လိုက်သည်။ ထိုအသံပိုင်ရှင်ကို တွေ့လိုက်တော့ သက်လျာပြုံးလိုက်သည်။

''ဘယ်သူများလဲလို့ နင်ကိုး အလင်း.....''

မျက်တောင်ကော့ကော့.... ၊စွဲမက်ဖွယ် ခန္ဓာကိုယ် နှင့် လှပသော မျက်နှာကို ပိုင်ဆိုင်ထားသော ကောင်မလေး သူဇာလင်း.....။ ဒါပေမယ့် သူမရဲ့ စွဲမက်ဖွယ်အလှကို ဘယ်သူမှ မယစ်မူးရဲ။

ဘာလို့လဲဆိုတော့ သူမက ရုပ်ရည်လှပချောမောသော်လည်း အမူအကျင့်တို့မှာ ယောကျာ်းကြမ်းကြီးတစ်ယောက်အတိုင်းကြမ်းတမ်းလွန်းလှသည်။

​သူမရဲ့အလှအပဟာ လူသားမဆန်လွန်းလှအောင်လှပ၏။ နက်မှောင်သော ဆံကေသာ...

ဖြူဥပြီး ပန်းရောင်သန်းနေသော

ချယ်ရီရောင်ပါးပြင်လေး။ ဘယ်နေရာကြည့်ကြည့်စွဲမက်ဖွယ်ပင်...

''နင် spring coffee ကိုဘာလာလုပ်တာလဲ''

''ဘာလုပ်ရမှာလဲ နင့်စီမှာ သီးသန့်ခန်းငှားမလို့ပေါ့''

သူဇာလင်း.....တစ်နည်းအားဖြင့် spring coffee ပိုင်ရှင်တစ်ယောက်။ သူမဘာလို့ သက်လျာကို ဒီဆိုင်ကိုလာတာလဲ လို့မေးရတဲ့ အကြောင်းက

ဒီဆိုင်က ကော်ဖီဆိုင်သက်သက်မဟုတ်တာကြောင့်ပင်။ ပိုပြီးနက်နက်ရှိုင်းရှိုင်းသိရင်တော့ ဒီဆိုင်က ဟိုတယ်အခန်းလေးတွေရှိသည်။ ဘယ်သူမှမသိစေချင်တဲ့လူတွေအတွက်ပေါ့။ ပြီးတော့.......

''ဘာသီးသန့်ခန်းလဲ''

''Lavander ပန်းနဲ့ သီးသန့်ခန်း.....''

သူဇာလင်း မဲ့လိုက်ပြီး.....

ဘန်း!!!သူမ စားပွဲအား ထုလိုက်သည်။ သူမရဲ့အားကပြင်းလွန်းလို့ စားပွဲခုံ အလယ်ပိုင်း ချိုင့်သွားလေသည်။

''ငါမပေးဘူးဆိုရင်ကော?''

''မပေးရင် ရှင့်လျှို့ဝှက် video တစ်ခု ကျွန်မမှာ ကျန်သေးတယ်လေ''

သူဇာလင်းပြုံးလိုက်ပြီး.......

''ဟား ဟား ဟား!! ဟား ဟား ဟား!! မင်းကတကယ့်မြေခွေးမပဲ''

သူဇာလင်းနဲ့ သက်လျာက မိတ်ဆွေတွေမဟုတ်။ သက်လျာက သူမရဲ့ လျှို့ဝှက်ချက်ကို သိနေလို့ဖြစ်သည်။
အဲ့ဒီ video မရှိတော့ရင် သက်လျာ သူမကို ဒီလိုချိန်းချောက်လို့ရမှာမဟုတ်။

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Nơi câu chuyện tồn tại. Hãy khám phá bây giờ