part (30)

2.5K 119 6
                                    

အပိုင်း(၂၀)
မင်္ဂလာဆွမ်းကပ်ပြီး နောက်ထပ် နှစ်ရက်အကြာမှာ အမေက နယ်မြို့လေးရဲ့ အိမ်ကို ပြန်သွားပါပြီ။
အမေ မပြန်ခင်ညက ကျွန်တော် အမေနဲ့ အတူတူ သွားအိပ်ဖြစ်သည်။

အမေက ကျွန်တော့်ဆံပင်လေးတွေကို ကိုင်ကာ မေးသည်။

"ခုထိ ဦးစည်သူကို မုန်းနေတုန်းလား သား"?

"မုန်းတော့ မမုန်းတော့ပေမယ့် လက်ခံလို့ မရသေးဘူး အမေရယ်"

"ဦးစည်သူက ဒီနေ့ပဲ သားတို့ကို လက်ဖွဲ့ လိုက်ပါဆိုပြီးတော့ K pay နဲ့ ငွေဆယ်သိန်း လွှဲလိုက်တယ်။"

"သား မသိချင်ဘူး အမေ"

"ဘာပဲ ဖြစ်ဖြစ် မေမေကတော့ သားကို ဦးစည်သူနဲ့ ပြေပြေလည်လည် ပြန်ဖြစ်စေချင်တယ် သားရယ်"

အမေ့စကားကို အသာတကြည်နားထောင်ကာ ကျွန်တော် ငြိမ်နေမိသည်။

"အဲဒီတုန်းက သားလေးက ၅နှစ်အရွယ်လေး ။ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေး တစ်ယောက်အမေ မုဆိုးမ ဘဝက
အိမ်မက္တောင် မမက္ ချင်လောက်အောင် ခါးသီးလိုက်တာ။
မေမေက ကိုယ်တွေပူပြီး ဖျားနေတာတောင် အနားမှာ ဘယ်သူမှ မရှိတာ။
သားကပဲ ဦးကျော်နိုင်ရဲ့ ဆေးခန်းဆီ အပြေးသွားပြီး ဦးကျော်နိုင်ကို အိမ်ကို ခေါ်လာခဲ့တာ မဟုတ်လား"?

အမေ့ စကားကြောင့် ငယ်ဘဝတုန်းက ဦးစည်သူကအပြန်အလှန် အမှတ်တရကောင်းတွေ ရှိခဲ့တာကို ပြန်လည်ကာ မြင်ယောင်လာကာ ငိုချလိုက်မိသည်။

"သားပဲ စဉ်းစားကြည့် ရုပ်ရည်လေး သန့်ပြန့်တာကလွဲရင် ဆင်းဆင်းရဲရဲ ကလေးတစ်ယောက်အမေ မုဆိုးမ ကို ဦးစည်သူက တရားဝင် လက်ထပ်ယူခဲ့တာ သားကြောင့်လည်း ပါတယ်တဲ့။
မေမေ့ အပြင် သားကိုလည်း ချစ်ခဲ့လို့ လက်ထပ်ယူခဲ့တာတဲ့လေ။"

"အဟင့် ဟင့်"

ဟုတ်ပါသည်။
အမေက မုဆိုးမ ငယ်ငယ်ရွယ်ရွယ်လေး။
နေမကောင်းဖြစ်နေတာတောင် ဆေးဝယ်သောက်ဖို့ ပိုက်ဆံ မရှိလို့ အိပ်ရာထဲ လဲနေခဲ့တာ။ကိုယ်တွေ ပူနေလို့ ၅နှစ်အရွယ်ကလေးဖြစ်တဲ့ ကျွန်တော်ကပဲ လမ်းထိပ်က ဦးစည်သူ၏ ဆေးခန်းကို ပြေးကာ ကယ်တင်ပေးပါလို့ တောင်းပန်ခဲ့သည်။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now