6

4.7K 202 10
                                    

အလုပ်ခွင်ထဲတွင် သံချောင်းများအားသယ်နေသည့်
Yoru မျက်လုံးနှစ်လုံးအောက်တွင်
မျက်ကွင်းညိုကြီးနှစ်ခုက အကွင်းလိုက်။
မနေ့က အိမ်ကကျေးဇူးရှင်ပေါက်စနှင့်
တစ်ပွဲတစ်လမ်း အကဲစမ်းပြီး
‌ရေချိုးအဝတ်လျှော်လိုက်ရသည်မို့
မနက် 2နာရီခွဲ 3နာရီလောက်မှ အိပ်ရသဖြင့်
အခုတော့ ဇွန်ဘီတစ်ကောင်လိုဖြစ်နေသည်။

အလုပ်ကို ခွင့်တင်ရအောင်ကလည်း
ကျွန်တော့အိမ်က သရဲကိုတက်ခွလိုက်လို့
အိပ်ရေးပျက်သွားလို့ပါ ဆိုပြီး ပြောမှသာရမည်။
တစ်ရက်အလုပ်လုပ်တော့လည်း
တစ်ရက်စာ ပိုက်ဆံရတာပေါ့ဟုသာ တွေးလျက်
အိပဲ့အိပဲ့နှင့် လုပ်နေလိုက်သည်။
ဘေးက လူတွေကတော့ လူကောင်ထွားထွားနှင့်
သံချောင်းများ မလိုက်၊ ချလိုက်လုပ်နေသော
Yoruအားစိတ်ဝင်စားဟန် ကြည့်လာသည်မို့
မျက်တွင်းကျနေသော မျက်လုံးများနှင့်
ပြန်စိုက်ကြည့်ပေးလိုက်တာ
လူသတ်သမားတစ်ယောက်အား ‌တွေ့သိအလား
မသိချင်ယောင်ဆောင်သွားကြ၏။

မနက်ပိုင်းအလုပ်ချိန်ပြီးလို့ ပြန်မယ်ကြံခါရှိသေး
ဆောက်လုပ်ရေးဆိုက်က မန်နေဂျာက
ညနေပိုင်း အလုပ်ဆင်းဖို့ လူတစ်ယောက်လိုနေသည်မို့
Yoru အား အစားဝင်လုပ်ပေးရန်
တောင်းဆိုလာပြီး အစားထိုးလုပ်ခရော၊
ဘောနပ်စ်ပါ ပေးမည်ဖြစ်ကြောင်း
ဆွယ်သဖြင့် ညနေ ခြောက်နာရီထိ
အလုပ်လုပ်ရသည်။
ပင်ပန်းတာနှင့်တန်အောင် နှစ်ရက်စာပိုက်ဆံကို
တစ်ရက်တည်း ရလိုက်သည်မို့
အိပ်ချင်စိတ်တောင်ပြေသွားပြီး
အိမ်ပြန်လမ်းတွင် ခြေလှမ်းတွေ တက်ကြွနေလျက်။

အပြန်လမ်းတွင် ဝယ်နေကျ ရပ်ကွက်ထိပ်ရှိ
စတိုးဆိုင်မှာ ဝင်ဝယ်လိုက်သည်။
သို့သော် ဒီနေ့တွင်တော့ အသင့်စားထမင်းဘူး
နှစ်ဘူးနှင့် စတော်ဘယ်ရီဆိုဒါတစ်ဘူး၊
စတော်ဘယ်ရီနို့တစ်ဘူးနှင့်
မုန့်များများဝယ်လိုက်သည်မို့
ကောင်တာတွင် ငွေရှင်းတော့ စပ်စုတတ်သည့်
ဆိုင်ပိုင်ရှင် အန်တီကြီးက ဟန်ဆောင်ထားသော
အပြုံးကြီးနှင့်

"‌နှစ်ယောက်စာဝယ်နေတာဆိုတော့..
ဒီကမောင်ရင်နဲ့ တူတူနေမဲ့ အခန်းဖော်သူငယ်ချင်း
ရောက်လာပြီလား.."

HOMETahanan ng mga kuwento. Tumuklas ngayon