အခန်း(၁၂၅) ရှန်းဟွာမှာ ပြဿနာလာရှာတဲ့ မိုရှစ်ယွင်ရဲ့အဖေ (၂)

774 88 0
                                    


ပို့စ်အောက်က ကောမန့်များကို ကျမ့်ယိလင် ဖတ်ကြည့်လိုက်သည်။

[ဘာတွေဖြစ်နေကြတာလဲ။ အဲ့တာ တကယ်ကြီး သူ့အဖေလား။ ဒါအမှားအယွင်းဖြစ်တာများလား]

[အေးဆို... ငါလည်း လူမှားတာလို့ ထင်တယ်။ မိုရှစ်ယွင်ရဲ့အဖေက တစ်နေရာရာမှာ လုပ်ငန်းတစ်ခု တည်ထောင်ထားတာ မဟုတ်ဘူးလား။ အဲ့ဒီလူပုံစံက လုပ်ငန်းရှင်ပုံစံနဲ့ တစ်စက်မှလည်း မတူဘဲနဲ့]

[ငါလည်း အဲ့လိုပဲ ထင်တယ်။ လူမှားတာ ဖြစ်မှာ။ ယွီမိသားစုကျင်းပတဲ့ ပါတီပွဲမှာလည်း မိုရှစ်ယွင်ကို ငါမြင်ခဲ့သေးတယ်။ အဲ့တာကြောင့် သူတို့မိသားစုလည်း အဆင့်အတန်းရှိမယ်လို့ ငါတော့ထင်တယ်။ မဟုတ်ရင် သူဘာလို့ အဖိတ်ခံရမှာလဲ။ ဟုတ်တယ်မလား။ ဒီပို့စ်တင်တဲ့လူ မှားနေတာဖြစ်မယ်....]

[ငါလည်း အဲ့လိုပဲ ထင်တာပဲ။ ငါတို့နတ်သမီးလေး မိုရှစ်ယွင်နဲ့ အဲ့ဒီလူတို့ရဲ့ အရှိန်အဝါက လုံးဝ ခြားနားတယ်။ လုံးဝ မတူဘူး]

မိုရှစ်ယွင်က သူမအတန်းဖော်တွေနဲ့ ဆရာဆရာမတွေကို အမြဲတမ်း သဘောကျစေသည်။ ဒီသတင်း ရုတ်တရက် ထွက်လာသောအခါ အားလုံး ယုံရခက်နေကြပါသည်။

လောလောဆယ် နောက်ဆုံးနှစ်ရောက်နေပြီဖြစ်သည့် စာထူးချွန်သူများအတန်းအတွက် ကိုယ်ပိုင် စာလေ့လာချိန်ဖြစ်ပါသည်။

မိုရှစ်ယွင်က သင်ကြားရေးခေါင်းဆောင်ကြီးကို ရုံးခန်းမှာ စကားသွားပြောပြီး ခုမှ ပြန်လာတာဖြစ်သည်။

အားလုံးသူမကို စိတ်ဝင်တစား ကြည့်နေကြ၏။

မိုရှစ်ယွင် ခေါင်းကို ဆက်တိုက်ငုံ့ထားပြီး ထိုင်ခုံမှာ တိုးတိုးတိတ်တိတ် ပြန်ထိုင်နေလိုက်ပါသည်။

ကျူးရှားက သူမနားကို အမြန်ရောက်လာပြီး လေသံတိုးတိုးဖြင့် မေးလိုက်ပါသည်။ "ရှစ်ယွင်။ ဘာတွေ ဖြစ်နေတာလဲ။ အဲ့ဒီလူက တကယ်ပဲ နင့်အဖေလား"

မိုရှစ်ယွင် ကြက်သေသေသွား၏။ "ဘာ"

သူမကြုံခဲ့ရသည့် အဖြစ်အပျက်ကို ကျောင်း Forum မှာ ပို့စ်တင်ခံထားရမှန်း မိုရှစ်ယွင် မသိသေးပါ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now