Part-9

1.1K 75 4
                                    

Unicode

အခုဆို Jungkook Taehyungအလုပ်တွေကိုဦးစီးပြီးလုပ်ကိုင်နေပြီဖြစ်သည်။ Taehyungကိုတော့ အိမ်မှာပဲအနားပေးလိုက်သည်။

ဒီနေ့က ဝန်ထမ်းအသစ် ခေါ်တဲ့နေ့မို့ Jungkookကုမ္ပဏီကိုစောစောသွားရမှာဖြစ်သည်။ Jiminကလည်း Taehyungအလုပ်တွေနားလိုက်ထဲက သူလည်း အနားယူလိုက်ပြီဖြစ်၍ ကုမ္ပဏီကို Jungkookနဲ့Yoongiကိုပဲ ဦးဆောင်ကာ လုပ်စေသည်။ Yoongiက သူ့ကုမ္ပဏီ တစ်ဖက်နဲ့မို့ Taehyungတို့ကုမ္ပဏီကို သိပ်ပြီး မဦးစီးနိုင် Jungkookနဲ့ပဲ လွှတ်ပေးထားသည်။

"မောင် ဝန်ထမ်း ခေါ်ရင် သေချာလေး စစ်ဆေးပြီးမှ ခေါ်နော် ...."

Jungkookကို နက်စ်တိုင် စီးပေးနေရာက Taehyungစကားဆိုလိုက်သည်။ Jungkookက အခုမှ လုပ်ငန်းကို စ ဦးစီးကာစ မို့ Taehyungမှာ အပြည့်အဝ စိတ်မချရသေး ၊ နောက်ကနေလိုက်ပြီး သတိပေးနေရတုန်းပဲဖြစ်သည်။ အခုက Jungkookအတွက် အတွင်းရေးမှူးအသစ်ခေါ်မှာမို့ ပိုပြီး ဂရုစိုက်ကာ မှာနေရခြင်းဖြစ်သည်။

"အင်းပါ Taeရယ် မောင် သိပါတယ်..."

"Taeက စိတ်ပူလို့ပြောတာပါ မောင်ရဲ့ မောင်အတွင်းရေးမှူးနေရာဆိုတော့ ပိုပြီး ဂရုစိုက်မှရမှာ ..."

"ဟုတ်ပါပြီ Taeရယ် မောင်သေချာရွေးပြီးခန့်ပါ့မယ် မောင်အလုပ်ခန့်တဲ့ သူကိုလည်း Taeစီ သူ့ရဲ့CVဖောင်ပို့ပေးလိုက်မယ် Taeအကြိုက်မတွေ့ရင်မောင် ပြန်ဖြုတ်လိုက်မယ် ဟုတ်ပြီလား...."

"ခန့်ပြီးမှ ပြန်ဖြုတ်လို့တော့ ဘယ်ဖြစ်မှာလည်းမောင်ရယ် ရွေးထဲက သေချာရွေးပေါ့..."

"ဒါဆို Taeကိုယ်တိုင် လိုက်ရွေး​ပေးမလား မောင့်အတွက်အတွင်းရေးမှူးကို..."

"အဲ့လိုမျိုးဆို မောင်အစဥ်ပြေလား..."

"မောင်က ပြေပါတယ် Taeခန့်မဲ့သူက ဘယ်သူမဆိုမောင်ကလက်ခံပြီးသားပါ...."

"ဒါဆို ဒီနေ့ Tae ကုမ္ပဏီလိုက်ခဲ့မယ်..."

"Taeသဘောပါဗျာ..."

Taehyung သူကိုယ်တိုင် Jungkookအတွက်အတွင်းရေးမှူး ရွေးပေးဖို့ ကုမ္ပဏီကိုလိုက်လာခဲ့သည်။

ကုမ္ပဏီရောက်တော့ အင်တာဗျူး စတင်လိုက်သည်။

တစ်ယောက်ပြီးတစ်ယောက်ခေါ်ယူကာ အင်တာဗျူးနေပင်မဲ့ Taehyungမှာ တစ်ယောက်မှ အကြိုက်မတွေ့သေး ၊ အင်တာဗျူးတဲ့အထဲ မိန်းကလေးတော်တော်များများပါလာပြီး ထိုမိန်းကလေးတွေ ကလည်း Taehyungမျက်စိထဲ တစ်ယောက်မှ ထောင့်မကျိုးပါ၊ အကုန်လုံး ကလပ်တက်တက်ပုံစံတွေဖြစ်နေပြီးလုပ်ငန်းအတွေ့အကြုံကလည်းတစ်ယောက်မှမရှိ၊ ယောကျာ်းလေး 3ယောက်ပါလာပြန်တော့ လည်း အတွင်းရေးမှူးရာထူးခန့်ဖို့ အရည်အချင်းက မပြည့်မှီ၍ Taehyungစိတ်ညစ်နေမိသည်။ နောက်ဆုံးတစ်ယောက်အလှည့် ရောက်တော့ Taehyung နည်းနည်း မျှော်လင့်​နေမိသည်။ ဒီတစ်ယောက်က နောက်ဆုံးမျှော်လင့်ချက်ဖြစ်၍ အစဥ်ပြေပါစေပဲဆုတောင်းနေမိသည်။

သူ့အတွက်ဖြစ်တည်မှုWhere stories live. Discover now