Part-13

1.4K 84 8
                                    

Unicode

ဒီနေ့ Jungkookကုမ္ပဏီရောက်ရောက်ခြင်းစစ်စရာ စာရင်းတွေရှိ၍ ထိုင်စစ်နေလိုက်သည်။

"ဒေါက်..ဒေါက်..ဒေါက်..."

တံခါးခေါက်သံကြား၍ Jungkook ဝင်လာခိုင်းလိုက်သည်။

"ဝင်ခဲ့ပါ..."

Han Soheeလည်း Jungkookဝင်လာခိုင်း၍ ရုံးခန်းထဲဝင်လာလိုက်သည်။

"Han Soheeကိစ္စရှိလို့လား..."

Jungkookမေးတော့ Han Soheeတစ်ယောက် မျက်လွှာ ချကာ ။

"သူ..သူဌေးJeon ကျွန်..ကျွန်မ ဘယ်လိုလုပ်ရမလည်း အခု...အခုလေ ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ..."

Jungkook လက်ထဲက ကိုင်ထားတဲ့ ဘောပင်ပါ ပြုတ်ကျသွားပြီး ဆံပင်မွှေးတွေပါ ထောင်တက်လာသည်။

"ဗျာ...Han..Han Soheeမှာ ကိုယ်ဝန်ရှိနေပြီဟုတ်လား.."

"ဟုတ်တယ် သူဌေးJeon ကျွန်မ မှာ သူဌေးJeonနဲ့ ရတဲ့ကိုယ်ဝန်ရှိနေပြီ.."

Jungkookသွေးပျက်သွားသည်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ အယောင်ယောင်အမှားမှားနဲ့ သူ့ရှေ့က စာပွဲကို သူ့လက်တွေနဲ့ ကုတ်ခြစ်နေမိသည်။ မျက်လုံးတွေကလည်း ကဏှာမငြိမ်တော့။

"ကျွန်မ ဘယ်လိုလုပ်ရမှာလည်း သူဌေးJeon ကျွန်မ အရမ်းစိတ်ညစ်နေပြီ သူဌေးJeonအကြံဉာဏ်ပေးပါဦး.."

သူလည်းမပြောတက်တော့ သူ့စိတ်ထဲ ထိုကလေးကိုဖြတ်ချဖို့ပြောလိုက်ပြန်ရင်လည်း သူဟာ ယုတ်မာတဲ့ လူစားဖြစ်ပေဦးမည်။ မွေးခိုင်းဖို့ကြပြန်တော့လည်း သတ္တိမရှိပြန်ပေ။

"ကျွန်...ကျွန်တော် ဘာပြောရမှန်းကိုမသိတော့ဘူးဗျာ...Han Soheeအစဥ်ပြေသလိုသာလုပ်ပါ.."

Jungkookစကားကြားတော့ Han Soheeမျက်နှာ တင်းကနဲဖြစ်သွားသည်။

"သူဌေးJeon ကျွန်မက ဘယ်လိုအစဥ်ပြေအောင်ကြည့်လုပ်ရမှာလည်း ဒီဗိုက်ထဲက ကလေးက သူဌေးJeonကလေးနော်..."

"ကျွန်...ကျွန်တော် သိ...သိပါတယ်ဗျာ...ဒါပင်မဲ့ ယုတ်တစ်ရက်ဆိုတော့ ကျွန်တော်လည်း ဘာပြောလို့ပြောရမှန်းမသိတော့ဘူး..."

"သူဌေးJeonအဲ့လိုလုပ်နေလို့ အစဥ်ပြေသွားမဲ့ ကိစ္စမဟုတ်ဘူးနော်၊ ကျွန်မအတွက်တော့ နည်းနည်းပြန်ကြည့်ပေးသင့်တယ်...ကျွန်မဗိုက်က တစ်ဖြည်းဖြည်း ပူလာမှာ အဲ့အခါကျ ကျွန်မ ဘယ်လိုရင်ဆိုင်ရမှာလည်း... "

သူ့အတွက်ဖြစ်တည်မှုWhere stories live. Discover now