Unicode
အဖေဖြစ်သူကအိမ်ကိုဧည့်သည်လာမှာမို့ဘယ်မှမသွားနဲ့ပြော၍တေးမှာအိမ်ကပ်နေရသည်။
အိမ်ကိုရောက်လာတဲ့ဧည့်သည်ကတစ်ခြားသူမဟုတ်ပဲသူမနဲ့ပြဿနာတက်ဖူးသလိုသူမကိုလည်းကူညီထားဖူးသူပါပဲ။
သူကတေးကိုတွေ့တော့အံ့သြသွားပုံပါပဲ။တေးလည်းအနည်းငယ်အံ့သြသွားပေမယ့်ဟန်ဆောင်နိုင်သည်။
''ကျွန်တော့်နာမည်ကသွေးပါ''
''တေးဖွဲ့သီ''
စကားပြောတာနည်းနည်းလေးမှထောင့်မကျိုးပေမယ့်အဲဒါကပဲသွေးရဲ့မျက်လုံးထဲမှာတစ်မျိုးလေးဖြစ်နေတာပင်။
ဆုံဖူးတာဘယ်နှစ်ခေါက်မှမရှိပေမယ့်မှတ်မှတ်ရရရှိနေတာတော့အမှန်ပင်။ထိုအခိုက်သူမအဖေဦးထွန်းမြင့်နိုင်ကအိမ်ပေါ်ကဆင်းလာပြီးသွေးဆိုသောအမျိုးသားနဲ့စကားတွေတစ်လေကြီးထိုင်ပြောနေကြ၏။
တေးမှာပျင်းလို့ေ.သတော့မည်။
သူကဖေဖေနဲ့သာစကားပြောနေပေမယ့်မျက်လုံးကတစ်ချက်တစ်ချက်သူမထံရောက်ရောက်လာ၍တေးမှာမျက်မှောင်အစုံကိုကျုံ့ထားပြီးမကျေနပ်တဲ့အသွင်ကိုတမင်ဆောင်ပြထားရသေးသည်။
ဒါလည်းသူကကြည့်မြဲကြည့်ဆဲပင်။မုန်းလိုက်ပါဘိ။
သူကတေးတို့ဆီမှာပဲနေ့လည်စာစားသွားပြီးမပြန်ခင်လည်းတေးဆီကဖုန်းနံပါတ်ကိုမရမကတောင်းသွားသေးသည်။
ဘယ်လိုလူမှန်းကိုမသိတာပါ။
___________
တေးအိပ်ရာဝင်မလိုပြင်နေတုန်းကုတင်ဘေးစားပွဲပေါ်ကဖုန်းကမြည်လာ၍ဖုန်းအားလှမ်းယူလိုက်သည်။
''ဟဲလို''
''တေး ကိုယ်ပါ''
''ဘယ်သူ ဪ သွေး''
''မှတ်မိသားပဲ''
''ရှင့်အသံကခွေးချီသွားတောင်မှတ်မိတယ်''
''အဲလောက်ကိုယ့်ကိုသတိထားမိနေတာလား''
''ေ.သလိုက်လေ ဘာကိစ္စဖုန်းဆက်တာလဲ''
''မင်းပေးလိုက်တဲ့နံပါတ်ကမှန်မမှန်စစ်ဆေးတာလေ''
''အခုစစ်ဆေးပြီးပြီမလား ဒါပဲ''
YOU ARE READING
တစ်ဦးတည်းသောသတို့သမီး[completed]
Romanceလူကြီးချင်းသဘောတူတာကအမြွှာညီအစ်မထဲကအကြီးမနဲ့ပေမယ့် အငယ်မလေးကိုမြင်မြင်ချင်းချစ်မိပြီးအရယူလိုက်တဲ့ကိုကြီး