Unicode
''နင့်ကိုအလုပ်ထုတ်လိုက်ပြီ အသုံးမကျတဲ့မိန်းမ ငါနင့်ကိုသေချာမှာထားလားမမှာထားဘူးလားဟမ် အခု အခုငါ့ကလေးမရှိတော့ဘူးတဲ့''
''ခွာညိုတောင်းပန်ပါတယ်အစ်ကိုလေးရယ် ခွာညို့ကိုကြိုက်တဲ့အပြစ်ပေးပါ အလုပ်တော့မထုတ်ပါနဲ့နော်''
သတိရရလာချင်းအခန်းရှေ့ကကိုကြီးအသံကြောင့်ဖွဲ့မျက်လုံးကိုအားယူကာဖွင့်လိုက်တော့သူမဘေးမှာသူမအမေအားတွေ့လိုက်ရ၏။
''မေမေ''
''သမီးသတိရပြီ''
''ကိုကြီး''
''မေမေခေါ်ပေးမယ် ခဏလေး''
ပြောပြီးဒေါ်ဝေဝေဦးကအခန်းထဲကထွက်သွားလေ၏။
ဖွဲ့ရောက်နေတဲ့နေရာပတ်ပတ်လည်ကိုကြည့်ပြီးဒါဆေးရုံမှန်းသိလိုက်သည်။အပြင်ကခွာညိုက
''ငွေဇင်ကခွာညို့ကိုရွာကဖုန်းဆက်တယ်ဆိုပြီးပြောလို့ခွာညိုလည်းသွားလိုက်တာ ဒါပေမယ့် ရွာကဖုန်းမခေါ်ဘူးတဲ့''
''ဘာ!''
ထိုအခိုက်ဒေါ်ဝေဝေဦးကအခန်းထဲထွက်လာပြီး
''သမီးသတိရနေပြီသား''
သူချက်ချင်းပဲအခန်းထဲပြေးဝင်လာခဲ့လိုက်၏။
သူရောက်သွားတော့ဖွဲ့ကငိုလျက်ဖြင့်''ကိုကြီး ဖွဲ့တောင်းပန်ပါတယ် ဖွဲ့အသုံးမကျလို့ပါ ခွာညိုနဲ့မဆိုင်ပါဘူး သူ့ကိုအလုပ်မထုတ်ပါနဲ့ ဒါဖွဲ့ရဲ့အပြစ်ပါ ဖွဲ့အသုံးမကျလို့ခုလိုဖြစ်တာ''
မှိုင်း ဖွဲ့ရဲ့လက်ကိုဆုပ်ကိုင်ပြီးနဖူးကဆံစလေးတွေကိုသပ်ပေးကာ
''မဟုတ်ဘူး ဒါကလေးငယ်အမှားမဟုတ်ဘူး ကိုကြီးကသာကိုယ့်ဇနီးကိုသေချာမစောင့်ရှောက်နိုင်ခဲ့တာ ကလေးငယ်မှာအပြစ်မရှိဘူး မငိုနဲ့တော့နော်''
ခွာညိုကလည်းဖွဲ့ရဲ့ကျန်တဲ့လက်တစ်ဖက်ကိုဆုပ်ကိုင်ပြီး
''ခွာညိုတစ်ကယ်ပဲတောင်းပန်ပါတယ်မမလေးရယ်''
''ခွာညိုနဲ့မဆိုင်ဘူးလို့ပြောပြီးပြီလေ''
''အဟင့် အီးဟီး''
YOU ARE READING
တစ်ဦးတည်းသောသတို့သမီး[completed]
Romanceလူကြီးချင်းသဘောတူတာကအမြွှာညီအစ်မထဲကအကြီးမနဲ့ပေမယ့် အငယ်မလေးကိုမြင်မြင်ချင်းချစ်မိပြီးအရယူလိုက်တဲ့ကိုကြီး