🌠7🌠

2.8K 205 38
                                    

Unicode

" ထယ်ယောင်း ...ဒီနေ့ ဂျိုဆွန်းမှာ ညနေစျေးရှိတယ် ဂျီဟိုသွားချင်လိုက်တာ ဒါပေမဲ့ အရှင်က သွားခိုင်းပါ့မလား..."

မျက်နှာလှလှလေးအား မဲ့ကာ​ပြောနေသော ဂျီဟိုကြောင့်...။

" ပြောကြည့်ရတာပေါ့..."

"ဘယ်သွားဖို့လုပ်နေကြတာလဲ..."

ထယ်ယောင်း အဆောင်ရှေ့မှာ ထယ်ယောင်းနဲ့ ဂျီဟိုတို့ စကားပြောနေတုန်း ဝင်ဖြတ်မေးလိုက်တဲ့ ဟယ်ဂျင်းကြောင့်...ထယ်ယောင်းလဲ...။

"ညစျေးရှိတယ်ဆိုလို့ သွားဖို့လုပ်နေတာပါ ဟယ်ဂျင်းမယ်မယ်...ဟယ်ဂျင်းမယ်မယ်ကော လိုက်မလား??"

"ဟယ်ဂျင်းလို့ဘဲ ခေါ်ပါ...အင်း ဟယ်ဂျင်းလဲ ညစျေးလိုက်ချင်တယ်..."

"အဲ့ဒါဆို အရှင့် ခွင့်ပြုချက်သွားတောင်းရအောင်..."

ထယ်ယောင်းက ပြောပြီး သုံးယောက်လုံး အရှင့်အဆောင်သို့ ချီတက်လာကြလေသည်။

" အရှင်...ကြင်ယာတော် သုံးယောက် အရှင့်ကို တွေ့ခွင့်တောင်းနေပါတယ်..."

"ရုတ်တရက်ကြီး... ဘာလို့လဲ..."

"ကျွန်တော်မျိုးလဲ မသိပါဘူး..."

ကြင်ယာတော် သုံးယောက်လုံး အဆောင်တော်ထဲ ဝင်လာပြီး ထိုထဲမှပင် ဟယ်ဂျင်းက...။

" အရှင်...ဟယ်ဂျင်းတို့ ဂျိုဆွန်းမှာလုပ်မဲ့ ညစျေးကို သွားမလို့ အရှင့် ခွင့်ပြုချက်လာတောင်းတာပါ..."

" ဟုတ်တယ် အရှင် ဂျီဟိုတို့ သွားလို့ရမလား..."

"ထယ်ယောင်းကော သွားမှာလား..."

အရှေ့က ကြင်ယာတော် နှစ်ယောက်ကိုကျော်ပြီး ဂျောင်ဂုက ထယ်ယောင်းအား မေးလေသည်။

" ထယ်လဲ သွားမှာပါ..."

"အင်း အဲ့ဒါဆို မင်းတို့အနောက်ကို ငါ့လူတွေထည့်ပေး လိုက်မယ် မင်းတို့မထိခိုက်အောင်..."

" အရှင်ကော...မလိုက်ဘူးလားဟင်??.."

"ငါပါရင် မင်းတို့သွားတာ မလွှတ်လပ်မှာဆိုလို့...​ထယ်ယောင်း... ပြီးတော့ ညစျေးမသွားခင် မင်းကိုငါပေးတဲ့ ဝတ်စုံဝတ်သွား ရုတ်ဖျက်ပြီး သွားရမှာမလို့..."

☄️𝖨𝗇𝖿𝗂𝗇𝗂𝗍𝗒 𝗈𝖿 𝗅𝗈𝗏𝖾☄️(Completed )Όπου ζουν οι ιστορίες. Ανακάλυψε τώρα