🌠10🌠

2.7K 195 37
                                    

Unicode

"ဒီက ကိုယ့်အမျိုးသားလေးနဲ့ တူတူစားဖို့လေ... "

" အရှင် အဲ့လိုကြီး မခေါ်ပါနဲ့..."

"ဘာလို့လဲ ကိုယ့်ဘာသာ ခေါ်ချင်သလိုခေါ်လို့မရဘူးလား..."

"အဲ့လိုလဲ...မဟုတ်ပါဘူး... တစ်ယောက်ယောက်က ကျွန်တော် ယော်ကျားလေးဆိုတာသိသွားရင်...အရှင့်အတွက် မကောင်းလို့ပါ..."

"မင်းက ငါ့စကားဆို နားမထောင်ဘူးနော်..."

"ဟင်...ထယ်နားထောင်ပါတယ်..."

"အခုန ဘယ်လိုခေါ်ဖို့ပြောထားလဲ..."

ထယ်ယောင်း အခုမှ ပြန်သတိရသည် အရှင်က သူ့ကို "ဂျွန်"လို့ခေါ်ခိိုင်းထားသည်လေ...။

"ဂျွန်...ထမင်းစားရအောင်..."

ဂျောင်ဂုလဲ ထယ်ယောင်းကို ခေါင်းညိမ့်ပြပြီး စားပွဲတွင် မျက်နှာချင်းဆိုင် ထိုင်စေကာ ထယ်ယောင်းအား တစ်ခုပြီးတစ်ခု ခံွကျွေးခိုင်းလေသည်။

ထယ်ယောင်းလဲ တစ်ခုပြီး တစ်ခုခွန့်ကျွေးလေသည်။

"ဂျွန်...ဂျွန်လဲ စားပြီးပြီဆိုတော့ ထယ်...ဂျီဟိုနဲ့ဟယ်ဂျင်းတို့စီ သွားလိုက်အုံးမယ်နော်..."

" သိပ်မသွားနဲ့ သူတို့ဆီ..."

"ဘာလို့လဲဟင်...ဂျွန်..."

"မင်းက ယော်ကျားလေးလေ...သူတို့က မိန်းခလေးမို့ ပေါင်းရတာသိပ်အဆင်မပြေဘူးလေ..."

"ဒါမဲ့ သူတို့မသိဘူးလေ...အဆင်ပြေမှာပါ...စိတ်မပူပါနဲ့ ဂျွန်..."

"အင်း...မင်းသဘောပဲ..."

" ဒါဆို သွားလိုက်ပါအုံးမယ်နော်...ဂျွန်..."

ပြောပြီး ထယ်ယောင်းက လှည့်ထွက်ဖို့ လုပ်နေသည်ကို ဂျောင်ဂုက ထယ်ယောင်း လက်ကောက်ဝတ်ကို ဆွဲကာ ထယ်ယောင်းပါးအား နမ်းလေသည်။

ဂျောင်ဂုစီမှ ရုတ်တရက် နမ်းခံလိုက်ရသော ထယ်ယောင်းမှာ မျက်နှာတစ်ပြင်လုံး နီရဲကာ ခေါင်းကို ငုတ်ထားလေသည်။

"မျက်နှာလေး မော့ပါအုံး..."

"ဂျွန်...ဘယ်...ဘယ်လိုဖြစ်နေတာလဲ... "

"မင်းက အရမ်းလှတာဘဲ..."

"ထယ်က ယော်ကျားလေးလေ ဘယ်လိုလှမှာလဲ..."

☄️𝖨𝗇𝖿𝗂𝗇𝗂𝗍𝗒 𝗈𝖿 𝗅𝗈𝗏𝖾☄️(Completed )Where stories live. Discover now