🌠13🌠

2.6K 167 37
                                    

Unicode

"အရှင်...အရှင်...လုပ်ပါအုံး..."

ဟယ်ဂျင်းမှာ နေကောင်းခါစ ဖရုိဖရဲပုံစံနဲ့ ဂျောင်ဂုအားလာခေါ်လေသည်။

"အထိန်းတော်ကြီးက ဂျီဟိုကို ဓားနဲ့ထိုးပြီး ထယ်ယောင်းကို သတ်ဖို့လုပ်နေတယ်...အရှင်ဒီအဆောင်မှာဘာလုပ်နေတာလဲ...ထယ်ယောင်းကိုမကာကွယ်ဘဲနဲ့..."

ဟယ်ဂျင်း သူမသည် ထယ်ယောင်းဇောနဲ့ ဘုရင်အားအော်ကာပြောလိုက်မိသည်။

"ငါကထယ်ယောင်းကို ဒီမှာစောင့်နေတာလေ..."

"လွဲကုန်ပါပြီ...အရှင်ရယ်...လောလောဆယ်... ဂျီဟိုကို သမားတော်နဲ့ပြပေးပါ ထယ်ယောင်းက ထိခိုက်ထားတာမရှိပေမဲ့...အရမ်းလန့်နေတယ်..."

ဟယ်ဂျင်းနဲ့ဂျောင်ဂု စကားပြောနေရင်း ဖောင်းအစ်နေသောမျက်လုံးနှင့် ငိုထားသော ထယ်ယောင်းက ဂျောင်ဂုတို့နား တဖြည်းဖြည်း လျောက်လာလေသည်။

ဂျောင်ဂုလဲ မျက်စနဲ့ ဟယ်ဂျင်းအား ထွက်သွားခိုင်းလိုက်ပြီး ဂျီဟိုကို သမားတော်ဆီ ပို့ခိုင်းလိုက်လေသည်။

"လာပါအုံး ကိုယ့်ရင်ခွင်ထဲ အရမ်းလန့်သွားမှာဘဲ...ထယ်...ကိုယ်ကမင်းကို စောင့်နေတာ..."

"အထိန်းတော်ကြီး လာခေါ်တော့ အရှင်ခေါ်ခိုင်းတယ်ဘဲထင်လိုက်တာ...အင့်..."

"မငုိနဲ့တိတ် ကိုယ့်အချစ်ကို ကိုယ်ကာကွယ်မပေးနိုင်ခဲ့လို့ တောင်းပန်ပါတယ်... နောက်ဆို ကိုယ့်နားမှာဘဲနေ...ဒီလိုအဖြစ်တွေ ထပ်မဖြစ်စေရပါဘူး..."

"သေချာပြောလို့မရဘူးလေ အခုတောင်ဒီလောက်ဖြစ်နေတာ နောက်ဆိုပိုဆိုးတော့မှာ ဘာရယ်မသိပေမဲ့ ထယ်ရင်ထဲမကောင်းဘူး..."

"အဆင်ပြေသွားမှာပါ အရမ်းစိတ်မပူပါနဲ့ ထယ်...ဒီနေ့တော့ ထယ်အဆောင်ကို မပြန်ဘဲ ကိုယ်နဲ့အိပ်ပေး..."

ထယ်ယောင်းလဲ ခေါင်းငြိမ့်ပြလိုက်လေသည်။

"ရေအရင်သွားချိုးလိုက်...ပင်ပန်းနေတယ်မလား..."

"အင်း...အဲ့ဒါဆို သွားချိုးလိုက်ပါအုံးမယ် ဂျွန်..."

ထယ်ယောင်းလဲ ဂျောင်ဂုကို ထားခဲ့ကာ ရေချိုးကန်ထဲ စိမ်ကာ အတန်ကြာရေချိုးပြီး အဝတ်အစားလဲကာ ပြန်ထွက်လာတော့ သူ့အားစောင့်နေသော ဂျောင်ဂုကြောင့်...ဂျောင်ဂုအရှေ့ ဝင်ထိုင်လိုက်လေသည်။

☄️𝖨𝗇𝖿𝗂𝗇𝗂𝗍𝗒 𝗈𝖿 𝗅𝗈𝗏𝖾☄️(Completed )Where stories live. Discover now