ကျောက်ဆူးချပြီးရပ်သွားသည့်သင်္ဘောကြောင့် ရှောင်းကျန့်ထလာပြီးသင်္ဘောဦးပိုင်းမှနေ၍ ပတ်ဝန်းကျင်ကိုကြည့်သည်။သူတို့ရောက်ရှိနေသည့် နေရာသည် ရေလယ်ခေါင်တစ်နေရာမှာဖြစ်ပြီး၊မှိန်ပြပြကမ်းတချို့ကိုပင်မတွေ့ရသည်ကြောင့် ကမ်းမမြင် လမ်းမမြင်ပုံစံမျိုးဖြစ်သည်။
"ဒါတွေက..."
ခွန်းလျန် လာချပေးထားသောအရာတွေကိုရှောင်းကျန့်မသိ၍မေးနေခြင်းမဟုတ်။
ရေငုပ်ဝတ်စုံ၊ခေါင်းစွပ်၊ရေကူးမျက်မှန်၊ရေအောက်အသက်ရှူပိုက်၊ အောက်ဆီဂျင်ဘူး၊ရေကူးမျက်မှန်၊ရေငုပ်နာရီ၊ဓားမြှောင်တစ်ချောင်းနှင့်ရေယပ်ဘဲခြေထောက် များစသည်တို့သည်ရေငုပ်သမားတစ်ဦးဝတ်ဆင်သည့်အဆောင်အယောင်များပင်ဖြစ်သည်။ထိုအရာများကို ရှောင်းကျန့်ကြည့်ကာ အဖြေသိနေပြီးသားဖြစ်သည့်မေးခွန်းအား ခွန်းလျန်ကိုမေးသည်။
"ဒါတွေမဝတ်ဘဲဆင်းလို့မရဘူးလား..."
"မရပါဘူး ခင်ဗျ...ဖိအားအတော်အသင့်ရှိတဲ့ ရေအောက်ထဲငုပ်ရမှာဖြစ်လို့ ဝတ်စုံအပြည့်လိုပါတယ်..."
ခွန်းလျန်ထံမှအငြင်းစကားကြောင့် ရှောင်းကျန့် သူ့မျက်နှာကိုချက်ချင်းငယ်ကာ ဝမ်ရိပေါ်ကိုကြည့်လိုက်သည့်အခါ...
"မဝတ်ချင်ရင်မသွားရုံပဲ..."
"ကိုယ်ဘာပြောရသေးလို့လဲ..."
ဝမ်ရိပေါ်၏လေသံကိုရှောင်းကျန့်မနှစ်မြို့သော်လည်း မကြိုက်ကြောင်းမပြဘဲ ပြုံးပြီးပြောကာ သူ့ရှေ့ကရေငုပ်ဝတ်စုံကိုကောက်ယူ၍ ဒီယေဂို၏လမ်းပြမှုဖြင့်သင်္ဘော၏အိပ်ခန်းတစ်ခုအတွင်းသို့ဝင်လိုက်သည်။ခါတိုင်းလို အတွင်းထဲသို့လိုက်ဝင်သွားခြင်းမရှိသည့်ဒီယေဂိုကအပြင်ဘက်၌စောင့်နေရင်း နာရီဝက်ခန့်ကြာသည့် အခါ အိပ်ခန်းတံခါးကိုခေါက်သည်။
"ပြီးပြီလား ကျန့်...အဆင်ပြေရဲ့လား..."
ဒီယေဂိုကို ရှောင်းကျန့်အသံပြန်မပြု။အမှန်ဆိုသူဝတ် ပြီးနေသည်မှာ လွန်ခဲ့သည့်ဆယ်မိနစ်ခန့်ကတည်းကဖြစ်သည်။မှန်ထဲထင်ဟပ်နေသည့်သူ့ပုံကိုသူစိုက်ကြည့် နေရင်းမျက်စိများကိုက်ခဲလာသည်ဟုခံစားနေရ၏။သူ့ဘဝတစ်လျှောက်လုံး ဒီလောက်ပုံဆိုးပန်းဆိုးဝတ်စုံမျိုးကိုဝတ်ဆင်ခဲ့ဖူးခြင်းမရှိ။
YOU ARE READING
Ineluctable
Randomရိုးတံနက်နက် စံပယ်တစ်ပွင့်သည် ကေသရာဇာ၏ နှလုံးသားအလယ်ဗဟိုတွင်တည့်တည့်စိုက်၏။ Cover Photo Crd: