အပိုင်း(၂၀) Unicode

752 104 7
                                    

ရှောင်းကျန့်​၏ Luggage များအားအခန်းတွင်းသို့ထည့်ပေးပြီးသွားသည့်အခါ ကျန်သူများထွက်ခွာသွား၍ရှောင်းကျန့်နှင့်အတူဒီယေဂိုနှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ပစ္စည်းများကိုထုတ်ယူစီရီပေးပြီးနောက်မှာတော့ရှောင်းကျန့်​၏ခွင့်ပြုချက်ဖြင့် ဒီယေဂိုလည်းအနားယူဖို့ထွက်သွား​၏။

ဒီယေဂိုထွက်သွားပြီးနောက် မဖွင့်ရသေးသည့် တစ် လုံးတည်းသော Luggage ကို ရှောင်းကျန့်သူကိုယ်တိုင်ဖွင့်ကာ ထိုအိတ်ထဲမှ လက်တစ်ဝါးစာပင်မရှိသည့် ဒရုန်းအငယ်စားတစ်ခုကိုထုတ်ယူလိုက်​၏။ထိုဒရုန်းကို ရှောင်းကျန့်သူ​၏အခန်းအနှံ့ပျံသန်းစေကာ CCTV များရှိမရှိထောက်လှမ်းသည်။တစ်စုံတစ်ရာမှထောက်လှမ်း၍မရသည့်အခါမှစိတ်သန့်စွာဖြင့်ဒရုန်းကိုပြန်လည်သိမ်းယူလိုက်​၏။

ထို Luggage အတွင်းမှ ဓားမြှောင်တစ်ချောင်း၊ အနည်းငယ်ရှည်သည့်ပစ္စတိုအမျိုးအစားဖြစ်သော Ruger-57 တစ်လက်နှင့် သူ့အကြိုက်ဆုံးဖြစ်သည့် လက်နှင့်အံဝင်ခွင်ကျအရွယ် Staccato CS တစ်လက် တို့ကိုလည်းထပ်မံထုတ်ယူကာ ခုခံရေးပစ္စည်းများအဖြစ် အိပ်ရာနှင့် အနီးဆုံးဖြစ်သော အံဆွဲအပေါ်ဆုံးအလွှာတွင်ထည့်ထားလိုက်​၏။

Jet ပေါ်၌ ရှောင်းကျန့်တစ်လျှောက်လုံးမှေးလာခဲ့သည်ဖြစ်ရာ ခရီးပန်းနေခြင်းမရှိသည်ကြောင့်အကြောအချဉ်များဖြေလျှော့ပြီးသည်နှင့် ရေချိုးခန်းအတွင်းသို့ဝင်သွားလိုက်​၏။သူနှင့်ရင်းနှီးသည့်အပြင်အဆင်များမဟုတ်၍ ရှောင်းကျန့်အချိန်အကြာကြီးမယူသော်လည်း တစ်နာရီနီးနီးတော့ကြာရှည်ခဲ့​၏။

ရေချိုးခန်းမှထွက်လာတိုင်း ဒီယေဂို​၏အကူအညီယူနေကျဖြစ်သော်လည်း ဒီညပြန်လည်ခရီးထွက်ခွာရမည့် ဒီယေဂိုအား အနားယူခိုင်းထားသည်ဖြစ်ရာ သူ​၏ဝေယျာဝစ္စများကိုသူကိုယ်တိုင်ပင်လုပ်ဆောင်ရင်း အင်္ကျီဝတ်သည့်နေရာ၌ အခက်အခဲတစ်ခုနှင့်ကြုံနေရ​၏။

ရွေးချယ်ထားသည့်အင်္ကျီမှာ ခါးတင်လက်ပြတ်အင်္ကျီတစ်ခုဖြစ်ပြီး ထိုအင်္ကျီ​၏ဇစ်သည်အရှေ့မှာမဟုတ်ဘဲအနောက်မှာဖြစ်သည့်အခါ ရှောင်းကျန့်လက်ပြန်အနေအထားဖြင့်အဆုံးထိဆွဲတင်နိုင်ခြင်းမရှိတာဖြစ်​၏။အင်္ကျီမှာခန္ဓာကိုယ်တိုင်းနှင့်အတိဖြစ်သည်ကြောင့်လည်း ဇစ်ရှိရာကိုအရှေ့လှည့်ပြီး ဇစ်တပ်ပြီးမှအနောက် ကိုပြန်လှည့်၍မရခြင်းလည်းဖြစ်​၏။အခြားသောဝတ် စရာများစွာရှိသည်။သို့သော်ဒါဆိုဒါမှဖြစ်နေသည့် ရှောင်းကျန့်အဖို့ရာ ဒုက္ခခံပြီးကြိုးစားလို့နေ​၏။

Ineluctable Where stories live. Discover now