အပိုင်း(၁၀) Unicode

788 88 15
                                    

တိုကျိုသို့ ရှောင်းကျန့်ပြန်ရောက်နေသည်မှာ တစ်လကျော်ပြီဖြစ်​၏။ဒီတစ်လအတွင်း ကိစ္စအမျိုးမျိုးကြောင့်မအားမလပ်ဖြစ်ခဲ့ပြီး၊ယခုမှသာကိုယ်ပိုင်အားလပ်ချိန်ပြန်ရလာခြင်းဖြစ်သည်။

သူနေထိုင်ရာ အိမ်ဆောင်​၏ လမ်းခုလတ်နေရာတွင် အိမ်နံရံမှန်တံခါးများတွန်းဖွင့်၍ ရှောင်းကျန့်ထိုင်နေသည်။ရှောင်းကျန့်​၏ကိုယ်ပေါ်တွင် အဖြူရောင်ကီမိုနိုကိုလျော့တိလျော့ရဲဝတ်ဆင်ထားကာဖြူဝင်းသောပုခုံးသားတို့နှင့်ရင်ညွန့်နေရာသည်လစ်လပ်နေလျက်၊ ကော့နေသောခါးသွယ်နှင့်အတူခြေချိတ်ထိုင်နေခြင်းကြောင့်ပေါင်လယ်မှစ၍ ပေါ်လွင်နေသောခြေထောက်သွယ်တို့​၏ပေါင်းစပ်မှုသည် အလှပြရွှေစင်ဖယောင်းရုပ်ထုတစ်ခုနှင့်ပင်ဆင်တူ​၏။

ရှောင်းကျန့်​၏ ဗလာကျင်းခြေဖျားသည် ကြာပန်းတို့ပြည့်နှက်နေသောငါးကန်​၏ရေမျက်နှာပြင်နှင့်ထိစပ်၍ရေဆော့ကစားနေကာ၊ လက်ထဲတွင်မူတရုတ်နိုင်ငံသမိုင်းကြောင်းအားရေးသားထားသည့်စာအုပ်အထူကိုကိုင်ထားလျက်ရှိသည်။

လက်ထဲက သမိုင်းစာအုပ်ကို ရှောင်းကျန့်တစ်ရွက်ပြီးတစ်ရွက်လှန်ကာလွန်ခဲ့သည့်နှစ်ပေါင်း ၁၃၀၀ ကျော်ခန့်ကအကြောင်းအရာများအကြောင်းရေးသားထားသည့်စာမျက်နှာသို့ရောက်သည့်အခါ လက်များကိုရပ်တန့်လိုက်​ပြီးစိတ်ဝင်တစားဖတ်လို့နေသည်။

ထိုစာမျက်နှာတွင်ဖော်ပြထားသည်က ခုနစ်ပြည်ထောင်ဧကရာဇ်ကေသရာဇာအရှင်​၏အကြောင်းဖြစ်ပြီး၊ သမိုင်းကြောင်းသည်သိပ်မရှည်ဘဲသာမန်ကာလျှံကာတိုတိုထွာထွာသာဖြစ်သည်။တစ်နည်းအားဖြင့်ဆိုသော် သမိုင်းအပြည့်အစုံကိုဖော်ပြထားခြင်းမရှိတာဖြစ်​၏။

ရှောင်းကျန့်နောက်တစ်ခေါက်ပြန်ဖတ်သည်။သူမျက်စိလျှမ်းသည်ဟုတွေးထင်ခဲ့ပေမယ့်ဒုတိယတစ်ခေါက်ဖတ်လည်း သူ့နာမည်ကစာထဲမှာပါမနေသည်ကြောင့် ထေ့ခနဲလုပ်လိုက်ကာ သူစိတ်ဝင်စားနေသည့်နောက်ထပ်အကြောင်းအရာတစ်ခုကိုဆက်တွေးနေ​၏။

စာအုပ်ထဲတွင်​ရေးသားထားသည်က ကေသရာဇာအရှင်တွင် မျိုးဆက်ဟူ၍ကျန်ခဲ့ခြင်းမရှိဘဲ ထိုမျိုးဆက်တစ်ဆက်တည်းမှာတင်အဆုံးသတ်သွားခဲ့သည်ဟူ၍ ဖြစ်သည်။ဒါဟာ သမိုင်းအမှန်လား၊ သမိုင်းအမှားလားသူမသိ။

Ineluctable Where stories live. Discover now