ရှောင်းကျန့်၏အိမ်ဧည့်ဆောင်တွင် အသက် ၈၀ ဝန်း ကျင်လူကြီး ၄ ဦးရောက်ရှိနေကြသည်။သူတို့၏ရှေ့တွင်ပြောင်လက်နေသည့်သစ်သားစားပွဲဝိုင်းငယ်တစ်ခုစီအသီးသီးရှိကြ၍ ထိုစားပွဲဝိုင်းများပေါ်၌ ဂျပန်ရိုးရာအချိုပွဲများနှင့်လက်ဖက်ရည်တစ်အိုးစီနေရာယူကြ၏။
"စောင့်နေရတာညောင်းနေကြရောပေါ့...ဆံပင်ပြင်နေလို့နည်းနည်းကြာသွားတာ..."
တကယ်စိတ်ထဲမပါသော်လည်းအားနာသည့်ဟန်ဖြင့်ပြောရင်း ဧည့်ဆောင်ရှိရာသို့ လျှောက်လာသည့်ရှောင်းကျန့်သည်ထိုင်စောင့်နေကြသည့်လူကြီးများရှေ့ဖြတ်ကျော်လာကာသူထိုင်နေကျခေါင်းရင်းတွင်နေရာယူသည်။
ရှောင်းကျန့်၏အပြုအမူနှင့်အပြင်အဆင်ကိုထိုလူကြီးများအကဲခတ်သလိုကြည့်လိုက်ကြပြီးသဘောမတွေ့ဟန်ချောင်းတစ်ချက်စီဟန့်လိုက်ကြ၏။ရှေးရိုးစွဲသည့်ထိုလူကြီးများအတွက်ရှောင်းကျန့်၏ဝတ်ပုံစားပုံသည်မျက်စိဆံပင်မွှေးစူးစရာကဲ့သို့ဖြစ်ပြီး၊ ထိုအရာကို ရှောင်းကျန့်လည်းသိသည်။
"မတွေ့ရတာလည်းတော်တော်ကြာပြီ...ကျမ်းမာရေးကောင်းကြတယ်မလား..."
"ကောင်းပါတယ်..."
ရှောင်းကျန့်၏နှုတ်ခွန်းဆက်စကားကိုလူကြီးသုံးယောက်သည်အလိုက်သင့်ဖြေလိုက်သော်လည်း၊ကျန်လူကြီးတစ်ယောက်မှာမူ ဖြေခြင်းမရှိဘဲ ရှောင်းကျန့်ကိုသာကြည့်၍...
"ကိုယ့်လက်အောက်ငယ်သားတွေအရှေ့မှာဝတ်စားပုံတွေကိုဆင်ခြင်သင့်တယ်...မလိုအပ်ဘဲ လေးစားမှုမရှိပြစ်မှားတဲ့စိတ်တွေဝင်အောင်မလုပ်သင့်ဘူး..."
"ဖြစ်ရတယ်"ဆိုတဲ့ပုံမျိုးဖြင့်ရှောင်းကျန့်သူ့ရင်ဘတ် ကိုလက်သွယ်လေးများဖြင့်ဖိလိုက်၏။သူ့ကိုဝေဖန်နေသည့်ထိုလူကြီးကိုပြန်ကြည့်လိုက်ပြီးလျှင်...
"ဒါနဲ့...xxx ကျောင်းမှာကျောင်းအုပ်လုပ်နေတဲ့ လူကြီးမင်းရဲ့မြေးအကြောင်းဟိုတစ်လောကကြားလိုက်မိသလားလို့...အသက်မပြည့်သေးတဲ့ကျောင်းသူလေးကို မတော်တရော်တွေသွားလုပ်တယ်ဆိုလားပဲ...မိဘတွေက တရားစွဲမယ်တောင်လုပ်သေးတာဆို..."
YOU ARE READING
Ineluctable
Randomရိုးတံနက်နက် စံပယ်တစ်ပွင့်သည် ကေသရာဇာ၏ နှလုံးသားအလယ်ဗဟိုတွင်တည့်တည့်စိုက်၏။ Cover Photo Crd: