Part -4

2.6K 160 167
                                    

# Unicode #

သူကောင်လေးကို ကြည့်နေတုန်း...

" ခွပ် ! "

ပူထူသွားတဲ့ ပါးတစ်ဖက်နဲ့အတူ နှုတ်ခမ်းထောင့်စီးလာတဲ့သွေးတွေက သူအထိုးခံလိုက်ရတာကို ပြနေတာပင်...

ဘယ်သူမှ မော်မကြည်ရဲတဲ့သူက ကလေးသာသာ ကောက်လေးဆီက အထိုးခံလိုက်ရတာလား...ဟုတ်တော့ဟုတ်နေပြီ

" ဟက်! "

သဘောတကျ တစ်ချက်ရယ်လိုက်ပြီး နှုတ်ခမ်းထောင့်ကသွေးတွေကို လက်မဖြင့်တစ်ချက်သုတ်လိုက်သည်။

သူ့ကိုထိလို့ သေနတ်တွေ ထုတ်ဖို့ပြင်နေတဲ့ ကိုယ်ရံတော်တွေကိုလည်း လက်ပြပြီး တားလိုက်၏။

" ဘာလို့ထိုးတာလဲ! "

တစ်ခွန်းတည်းပြတ်ပြတ်သားသားမေးလိုက်တဲ့ အသံက ကြောက်ခမန်းလိလိပင် ..ဒါကိုအရှေ့က လူသားက သူ့ကိုတောင်ပြန်ပြီး စူးစူးရဲရဲကြည့်နေ၏။ဒေါသထွက်တာတောင် pheromones မထွက်သူကြောင့် beta လား ဒါမှမဟုတ် ထိန်းချုပ်ထားတဲ့ အယ်လ်ဖာလား...စဉ်းစားရခက်နေပြီ

" စော်ကားလို့ထိုးတာ! အကွေ့ကလာတဲ့ ခင်ဗျားကားလည်းမှားသေးတယ်..ဝောာင်းပန်မယ်မရှိဘူး..ပိုက်ဆံပေးပြီးဖြေရှင်းတိုင်းကျေနပ်ရအောင် ကျုပ်က ငွေမက်တဲ့သူမဟုတ်ဘူး.."

" ဟက်! ငွေမမက်တဲ့သူမရှိဘူး ကောင်လေး...ဘာလဲ ဒရိုင်ဘာကို ပေးတဲ့ချက်လက်မှတ်ကနည်းတယ်ထင်လို့လား! ဒါဆို ရော့! အဲ့black card ယူသွား..ဇယားတွေလာမရှုပ်နဲ့ ! "

အင်္ကျီအိတ်ကပ်ထဲက black card တစ်ခုကိုထုတ်ပြီးပေးလိုက်တော့...

" ခွပ်! "

" ဟ! မင်း! "


" ဟ! မင်း! "

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
A Lover of Mafia ( Complete )Where stories live. Discover now