Part -10 ⚠️

3.9K 155 96
                                    

# Unicode #

" သခင်ကြီး...အဲ့ အေ့! ဝိုင်က သောက်လို့ ကောင်းလား! "

ဂျီမင် မရှိဝောာ့လို့ ဝိုင်းက တိတ်သွားမလား မအောင်းမေ့ပါနဲ့ ဂျောင်ဂုရှိသေးတယ်လေ...အခုလည်း ထယ်ယောင်းလက်ထဲက ဝိုင်ခွက်ကို လက်ညိုးထိုးပြီး မေးလာတာကြောင့်..

" ကောင်းတယ် ... ဒါပေမဲ့ နည်းနည်းပြင်းတယ်"

" သောက်ကြည့်မယ်.."

ထယ်ယောင်းလည်း ရစ်နေမှာဆိုးလို့ လက်ထဲက ဝိုင်ခွက်ကို ပေးလိုက်သည်။

" အေ့! သောက်ကြည့်ပြီနော်.."

ဝိုင်ခွက်လက်ထဲရောက်တာတောင် မသောက်သေးဘဲ သူ့ကို ပြပြီး သောက်မယ်ပြောနေတာကြောင့် ခေါင်းသာ ငြိမ့်ပြလိုက်၏။

မျက်လုံးလေးပြူးကာ ဝိုင်ခွက်ကို ကလေးလေးတစ်ယောက် မစားဖူးတာကို စူးစမ်းပြီးစား‌နေသလို လုပ်နေတဲ့ ပုံစံလေးကြောင့် သခင်ကြီး ရင်ထဲမှာ လှိုင်းဂယက်တွေ ထသွားတာ အမှန်ပင်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


မျက်လုံးလေးပြူးကာ ဝိုင်ခွက်ကို ကလေးလေးတစ်ယောက် မစားဖူးတာကို စူးစမ်းပြီးစား‌နေသလို လုပ်နေတဲ့ ပုံစံလေးကြောင့် သခင်ကြီး ရင်ထဲမှာ လှိုင်းဂယက်တွေ ထသွားတာ အမှန်ပင်...

" အော့! ဖွီ~..သောက်လို့လည်း မကောင်းဘူး...ဘာကြောင့် ကျွန်တော့်ကို လာသောက်ခိုင်းတာလဲ သခင်ကြီးရဲ့.."

သောက်ပြီးသားဝိုင်တွေကို ထွေးထုတ်ပြီး သူ့ဘာသာ သောက်ချင်လို့ ပေးရတဲ့ ထယ်ယောင်းကို ပြန်ပြီးရန်စွာနေတဲ့ ဂျောင်ဂု..

" မင်းသောက်ချင်တယ်ဆိုလို့ ငါက ပေးရတာလေ.."

" အရသာမကောင်းရင် အရသာမရှိဘူး မသောက်နဲ့ baby လို့ပြောလေ...ဟင့်! အခုတော့ သူများလျှာလေး ခါးလိုက်တာ ဘီယာထက်တောင် အရသာဆိုးသေးတယ်..."

" ဂျောင်ဂု လာ! မင်းမူးနေပြီ ငါ မင်းနေရာမဲ့နေရာလိုက်ပို့မယ်နော်..."

A Lover of Mafia ( Complete )Where stories live. Discover now