Part -23

2.2K 140 91
                                    

# Unicode #

" မေမေကလည်း သားက ဦးမလို့ ယွတာပါ ကျန်တဲ့သူဆို အီးလှည့်ပေါက်ဖို့နေနေသာသာ
အရိပ်လေးတောင်မနင်းဘူး.."

နှုတ်ခမ်းတထော်ထော်နဲ့ မိခင်ကို ပြန်ပြောနေတဲ့ သားအလိမ္မာလေး ကြောင့် ပတ်မောင်နှံ ခမျာ မျက်နှာကြီးတွေ မဲသွားရ၏။

" ပတ်ဂျီမင်!! ဟူးး ထားတော့! မစ္စတာ မင်က သားနဲ့ ဘာကိစ္စကြောင့် အိမ်ကို ရောက်လာရတာလဲ ဗျ..မဟုတ်မှ! အမွှေစိန် မွှေလိုက်ပြန်ပြီလား.."

မစ္စတာ ပတ်က သားဖြစ်သူကို အော်ဖို့လုပ်လိုက်ပေမဲ့ အရှက်ကြိုးမှားဖြတ်လာတာသား အကြောင်း သတိရလိုက်တာကြောင့် မအော်တော့ဘဲ ယွန်ဂီကိုသာ ဘာကြောင့်ရောက်လာလဲ မေးရ၏။မင်ယွန်ဂီတို့လို လူမျိုးက အကြောင်းရင်း မရှိဘဲ တော့ ရောက်လာမည်မဟုတ်...ကိုယ့်သားကလည်း ငမွှေထိုး ဆိုတော့လည်း ခပ်လန့်လန့်..အဲ့အကောင်က စနောက်စရာမရှိရင်တောင် အဖေနဲ့ အမေကို စနောက်နေတဲ့ ကောင်မို့ လန့်ရသည်။

" ဟွန့်! ဖေဖေကလည်း သားက ဘာမှ မမွှေပါဘူး! သားနဲ့ ဦးက ကိစ္စရှိလို့လာတာ.."

ယွန်ဂီက ဖြေဖို့ လုပ်လိုက်ပေမဲ့ ဂျီမင်က နှုတ်ခမ်းတဆူဆူနဲ့ ဝင်ဖြေတာမလို့..ငြိမ်နေလိုက်၏။

" ဂျီဂျီရယ် သားကို မေးတာမဟုတ်လို့ ဝင်မဖြေပါနဲ့ မစ္စတာ မင့်ကိုသာ ဖြေခိုင်းလိုက်ပါ.."

ဂျီမင် အမေက မနေနိုင်သည့်အဆုံး ဂျီမင်ကို တိတ်‌တိတ်နေဖို့ပြောလိုက်သည်။ဒီတော့မှ နှုတ်ခမ်းတထော်ထော်နဲ့ အသံတိတ်သွားတဲ့ ဂျီမင်...

" သခင်ကြီးကို သိမယ်ထင်တယ်.!"

" မစ္စတာ ကင်မ် မလား...သိတာပေါ့..ပြေပါ မစ္စတာမင်.."

" အခု သခင်ကြီးက ပတ်ဂျီမင်ကို သူ့စံအိမ်မှာ ကျောင်းတက်နေတဲ့ တစ်ချိန်လုံး လာနေပေးစေချင်ပါတယ်တဲ့..စိတ်မပူပါနဲ့ ပတ်ဂျီမင် သူငယ်ချင်းတွေလည်းပါမှာပါ..."

" ဘာကြောင့်လဲ မသိဘူး မစ္စတာမင်.."

" အရေးကြီးတဲ့ ကိစ္စလို့ဘဲ မှတ်ထားပေးပါ..သေချာတာကတော့ အန်ကယ်လ် တို့ ရဲ့ စောင့်ရှောက်မှုအောက်မှုဆို ပတ်ဂျီမင်က အသက်အန္တရာယ်ရှိတာမို့ ယုံယုံကြည်ကြည်နဲ့ သခင်ကြီး ရဲ့ အရိပ်အောက်မှာ ထားစေချင်ပါတယ်.."

A Lover of Mafia ( Complete )Where stories live. Discover now