Part -29

2.3K 125 68
                                    

# Unicode #

ဂျောင်ဂု အောက်ထပ်ရောက်တော့ သခင်ကြီးနဲ့ နမ်ဂျွန်းတို့က ထိုင်နေကြပြီ...ဆော့ဂျင်တို့ သုံးယောက်ကတော့ ဆိုဖာပေါ်မှာ မွှေးပွ အခင်းကြီးခင်းကာ ထိုင်နေကြ၏။

သူတို့ပုံစံကြည့်ရတာ ညက အစားခံလာရပုံပေါ်၏။အရမ်းဝုန်းချင်နေတဲ့ ပတ်ဂျီမင်ရဲ့ feeling လေးကို ပြီးမှ မေးကြည့်ရမယ်

" လာ ထိုင်လေ ဂျွန်လေး.."

သူတို့ဆီမလာဘဲ လမ်းတစ်ဝက်မှာရပ်နေတဲ့ ဂျောင်ဂုကို လှမ်းခေါ်လိုက်၏။

ဂျောင်ဂုလည်း နမ်ဂျွန်းရဲ့ ခေါ်သံကြောင့် ခေါင်းငြိမ့်ပြပြီး ဆော့ဂျင်တို့ ဘေးကဆိုဖာမှာ ဝင်ထိုင်လိုက်သည်။

" ကဲ! အကြောင်းပြချက်လေး ပေးပြီး ရှင်းကြပါအုံး.."

ထယ်ယောင်းဆီက အသံထွက်လာတာနဲ့ ထယ်ယောင်းဘေးမှာ ထိုင်နေကြတဲ့ နမ်ဂျွန်းတို့ပါ ရုပ်တည်သွားပြီး သူတို့ကို စူးစိုက်ကြည့်လာ၏။

ဆော့ဂျင်တို့ကတော့ ညက သူတို့မူးနေတာကို အခွင့်ကောင်းယူပြီး နှာဘူးထတဲ့ ရုပ်တွေနဲ့ တခြားဖြစ်သွားတဲ့ သူတို့ လူတွေကြောင့် ဒေါင်းခနဲ ဒေါသထွက်သွားပေမဲ့ အပြစ်လုပ်ခဲ့တာမို့ ငြိမ်နေလိုက်၏။

" ဖြေကြပါအုံး..ဒီထဲမှာ ဘယ်သူက ဆရာကြီးလုပ်ပြီး အကြံကောင်းတွေ ပေးခဲ့တာလဲ! "

ထယ်ယောင်းက အကြည့်စူးစူးတွေနဲ့ လေးယောက်လုံးကို ကြည့်ကာ မေးလာသည်။

" အဲ့..အဲ့တာ ဂျောင်ဂု! "

ဂျီမင်က ထစ်ထစ်အအနဲ့ ထွက်လာကာ ဂျောင်ဂုကို လက်ညိုးထိုးပြီး ပြောလာတော့ ဂျောင်ဂု မျက်လုံးပြူးသွားသည်။

" မင်းက အိပ်ဆေးခတ်ဖို့ အကြံပေးတာလေ!! "

ဂျောင်ဂုကလည်း ဂျီမင် အကြောင်းပြန်ပြီး တိုင်လိုက်၏။

" ငါက မင်းသွားချင်တယ်ဆိုလို့ အကြံပေးတာလေ! "

" မင်းလည်း လိုက်ဖို့ သဘောတူခဲ့တာဘဲ! "

" မင်း ပြောလို့ ငါက သွားချင်သွားတာလေ! "

" ငါက သွားချင်တယ် ပြောရင်တောင် မင်းက တားရမှာလေ! "

A Lover of Mafia ( Complete )Where stories live. Discover now