Part -34

1.8K 127 29
                                    

# Unicode #

" မင်းအဆင်ပြေပြီဆို အထဲဝင်ဖို့ လုပ်ရအောင်! "

ထယ်ယောင်း သတိပေးမှ သူတို့လည်း အကုန်မတ်တပ်ရပ်ကာ တံခါးကို စိုက်ကြည့်နေလိုက်ကြသည်။

" တံခါးက ဖွင့်လို့မရဘူး ထိလိုက်တာနဲ့ အားကြီးတဲ့ အရာတစ်ခုက တွန်းထုတ်နေတာ..တော်တော် အားပြင်းတယ် "

ဆော့ဂျင်က သူကြုံတွေ့ရတာကို ပြန်ပြီးပြောပြနေ၏။သူတံခါးကို ဖွင့်လိုက်တော့ အရမ်းအားကြီးတဲ့အရာက ဆောင့်တွန်းလိုက်တာပင်..ရှိသမျှအရိုးတွေ ကျိုးကြေသွားသလို ခံစားရပြီး တစ်ကိုယ်လုံးနာကျင်သွားတဲ့ ခံစားချက်ကြီးက အတော်ဆိုး၏။

" နမ်ဂျွန်း တံခါးက ဘာဖြစ်တာလဲ! "

ထယ်ယောင်းက မေးလိုက်ဝောာ့ နမ်ဂျွန်းက စဉ်းစားနေသည်။

" ကျွန်တော့ စိတ်ထင် တံခါးက ဘီလူး အစီမံ ရဲ့ စီရင်ထားတာထင်တယ်.."

" ဘီလူး အစီမံက အစောင်ရှောက် အစီမံတစ်မျိုးဖြစ်ပြီး သူက အင်အားအရမ်းကြီးတယ် တော်ရုံ မချိုးဖျက်နိုင်ဘူး အရင်ကတော့ စစ်သူကြီးမင်က ချိုးဖျက်နိုင်ခဲ့တယ်လို့ ဒဏ္ဍာရီတွေ ထဲမှာ ပြောထားကြတယ် .."

နမ်ဂျွန်းရဲ့ စကားကို အားလုံးက ငြိမ်ပြီး နားထောင်နေကြ၏။

" ဘယ်လိုဖျက်မလဲ နမ်ဂျွန်း! "

ဟိုဆော့ကမေးတော့ နမ်ဂျွန်းက ပြန်ဖြေလိုက်သည်။

" ယွန်ဂီ! မင်းဖျက်ကြည့်ပါလား.."

နမ်ဂျွန်း အပြောကြောင့် ယွန်ဂီရဲ့ မျက်လုံးသေးသေးလေးတွေ ပြူးကျယ်သွား၏။

" ငါက! "

" ဟုတ်တယ်..မင်းရဲ့ အစွမ်းသုံးကြည့်! မင်းဆိုရင်တော့ ဖျက်လို့ရလောက်တယ်.."

နမ်ဂျွန်းက ပြောတာနဲ့ ယွန်ဂီလည်း မစဉ်းစားတော့ဘဲ ဖျက်ဖို့ကြိုးစားလိုက်သည်။

" ဦးး ကြိုးစားနော် ဂျီ အားပေးနေတယ်..အောင်မြင်သွားရင်..စိတ်ကြိုက် ဝုန်းကျတာပေါ့! "

ဂျီမင်က ပြုံးစိစိနဲ့ ပြောလာသဖြင့် ယွန်ဂီရဲ့ မျက်နှာကြီးက မှိုရသလို ပြုံးဖီး လာပြီး အစွမ်းသုံးဖို့ပြင်လိုက်သည်။

A Lover of Mafia ( Complete )Where stories live. Discover now