Part -13

2.7K 150 63
                                    

# Unicode #

" သခင်ကြီး.. Black -R ဂိုဏ်းက တွေ့ခွင့်တောင်းထားပါတယ်.."

" Black -R..! "

နမ်ဂျွန်းစကားကြောင့် ထယ်ယောင်း ဂ်ိုဏ်းနာမည်ကို ရေရွတ်ပြီး စဉ်းစားလိုက်၏။ Black -R ဂိုဏ်းက ဒုစရိုက်လောကမှာ ထယ်ယောင်းတို့ ဂိုဏ်းပြီးရင် ဒုတိယအင်အားအကြီးဆုံးဂိုဏ်းပင်...

ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံခြင်းလည်းမရှိသလို..ပြဿနာလည်းမဖြစ်ဘူးပေ...ကိုယ့်လာမထိသရွေ့ ငြိမ်နေကြပြီး မသိတဲ့သူတွေလို အေးဆေးနေနေကြတာ ကြာပြီ...အခုမှ တွေ့ခွင့်တောင်းနေပုံရရင် သေချာပေါက် တစ်ခုခုတော့ရှိလိမ့်မယ်...

" ကောင်းပြီ...နောက်သုံးရက်နေရင် သင်္ဘောဆိပ်ကမ်းဟောင်းကိုလာခိုင်းလိုက် အချိန်က ညရှစ်နာရီ! "

ထယ်ယောင်းပြောတော့ နမ်ဂျွန်းက ခေါင်းငြိမ့်ပြပြီး..ထွက်သွားသည်။နမ်ဂျွန်းစိတ်ထဲမှာလည်း Black -R ဂိုဏ်းနဲ့ပတ်သတ်ပြီး ခံစားချက်တွေက မကောင်းပေ...

ပြီးတော့ ဂျွန်လေးကိုလည်း ဘယ်အချိန်ထိ သခင်ကြီးကို ကွယ်ဝှက်ပြီးနေခိုင်းရမယ်မှန်းသူမသိ...သေချာတာကတော့ စောင့်ရှောက်သူတွေအားလုံးစုံရင် အကုန်အမှန်တိုင်းဖွင့်ပြောပြီး လုပ်စရာရှိတာလုပ်ရမည်။

~

~

" ဂျောင်ဂုရော.."

မနက်စာစားဝိုင်းမှာ တွေ့နေကြအရိပ်လေးကို မတွေ့သဖြင့် ထယ်ယောင်းမေးလိုက်မိသည်။

" ဂျွန်လေးက သူ့အဘွားဆုံးတဲ့ နှစ်ပတ်လည်နေ့မို့ ဘူဆန်သွားပြီး နှစ်ပတ်လည်အခမ်းနားသွားလုပ်ပေးတာပါ..တစ်ပတ်လောက်ကြာမယ်ထင်တယ်.."

နမ်ဂျွန်းစကားကို မနက်စာစားရင်း နားထောင်နေတဲ့ ထယ်ယောင်း...

" ဘာကြောင့် သူကိုယ်တိုင် ငါ့ကို မပြောရတာလဲ..! "

တည်ငြိမ်နေတယ် ထင်ရတဲ့ အသံက အနည်းင်း ခက်ထန်နေတာကိုတော့ သတိထားမိ၏။

" ဂျွန်လေးက ဟိုမှာ စီစဉ်စရာတွေရှိတာနဲ့ ညတွင်းချင်းသွားရတာမို့ မပြောလိုက်ရတာပါ "

A Lover of Mafia ( Complete )Where stories live. Discover now