Part -8

2.5K 156 76
                                    

# Unicode #

" စန္ဒကူး မြုတေ သစ်မွှေး ကာကွယ်..

စံပယ် စပျစ် စောင့်ရှောက်ကြကုန်..

ကြာ~.."

" အဲ့ထိဘဲ ငါသိလိုက်ရတယ်..အဲ့တာက ဧကရီကို ရှာဖို့ စကားဝှက်လား ကျောက်ရတနာကို ရှာဖို့ စကားဝှက်လား ငါမသိဘူး.."

" ဒါနဲ့ ဧကရီက ပေါ်လာပြီလား.."

"ပေါ်လာပြီ ဂျိတ်ခ်! "

သူ့စကားကြောင့် ဂျိတ်ခ် က တစ်ခုခုကို စဉ်းစားနေဟန်ရှိ၏။

"ခေါင်းဆောင် ဧကရီသာ ပေါ်လာရင် သူတို့အနီးနားမှာဘဲရှိမယ်ထင်တယ်.."

" မရှိတာလည်းဖြစ်နိုင်တယ်..ဘာကြောင့်ဆို သူတို့က ဧကရီအတွက် အန္တရာယ်ကို သိလို့ တခြားနေရာမှာ ပုန်းခိုင်းထားတာလည်းဖြစ်နိုင်တယ်.."

ရိုင်လီ ပြောတာလည်း မှန်သင့်သလောက်မှန်သည်။

" ခေါင်းဆောင်က ဧကရီကို လိုချင်တာလား..ကျောက်ရတနာကို လိုချင်တာလား.."

သူ့စကားကြောင့် နှုတ်ခမ်းစွန်းလေးတွေ ကော့တက်သွားတဲ့ ရိုင်လီ..

" ငါက နှစ်မျိူလုံးလိုချင်တာ..ကျောက်ရတနာရော စန္ဒကူး အိုမီဂါရော..မင်းသိလား..ဒဏ္ဍာရီတည်းက အိုမီဂါက အရမ်းနူးညံ့သိမ်မွေ့စလို အရမ်းလှတာတဲ့ အကြည့်တစ်ချက်နဲ့တင် ရူးမိုက်ဖို့ လံလောက်နေသလို အသံလေးကလည်း ချိုပြီး ယစ်မူးချင်စရာအတိတဲ့ ထူးခြားတာက စန္ဒကူး အိုမီဂါရဲ့ mate က အယ်လ်ဖာတွေကို ထိန်းချုပ်နိုင်ပြီး AOB ကမ္ဘာရဲ့ ဘုရင်တောင်ဖြစ်နိုင်တယ်တဲ့..ဘာကြောင့်ဆို သူနဲ့ ပေါင်းဖက်နိုင်တဲ့ အယ်လ်ဖာက သူမတူဘဲ ထူးခြားတဲ့ စွမ်းအင်ကို ပိုင်ဆိုင်နိုင်လို့ဘဲ..."

" ဒါဆို သူက mate မရှိခဲ့ဘူးလား.."

" အရင်က သူ့ရဲ့ mate ရှိပေမဲ့ အကြောင်းတစ်ခုခုကြောင့် သူတို့ဝေးသွားရတယ်လို့လည်းသိတယ်...ဒဏ္ဍာရီ အပြည့်အစုံက စာအုပ်ရှာတွေ့မှ သိရမှာ.."

ရိုင်လီက အိုမီဂါ အလှတွေမှန်သမျှ လွတ်ကင်းဘူးသူမဟုတ်တာကြောင့် စန္ဒကူးဧကရီရဲ့ အလှကို မမြင်ရတာတောင် ပြစ်မှားနေခြင်းပင်...

A Lover of Mafia ( Complete )Where stories live. Discover now