အပိုင်း - ၇

2.7K 88 17
                                    

Uni
.
.

ပိုးဟပ်ဖြူကို ကသောင်းကနင်းဖွင့်ပြောလိုက်ရတာမို့ ကျော်နေမင်း စိတ်ထဲ သိပ််မကျေနပ်။ တကယ်ဆို သူက ဇာတ်ကားတွေထဲကလို ရိုမန့်တစ်ဆန်ဆန်ဖွင့်ပြောချင်တာဖြစ်သည်။ အခုလည်း နောက်တော့မကျသေးပါ။ ပိုးဟပ်ဖြူ အဖြေမပေးသေးခင် သူ့ဘက်က ချိုချိုအီအီလေးတွေဖန်တီးလို့ရသေးသည်။

" အဖြေ စဥ်းစားပြီးပြီလား ''

စာရိုက်ပြီး ပိုးဟပ်ဖြူဆီပို့လိုက်သည်။ စိတ်ထဲမှာ ဇွတ်တွေ ရိုမန့်တစ်နေပေမယ့် အပြင်မှာတော့ ကျော်နေမင်းက ဒီလောက်ပဲရသည်။

" No မအားသေးဘူး ''

ဟားးး.... ချေလိုက်တဲ့ ပိုးဟပ်ဖြူ။
.
.

ညပိုင်းကျ ဂိုက်မဝင်ရဘဲ စာစစ်ရသည်။ ဂိုက်ဝင်ရင် မိန်းကလေးဆောင် ယောက်ျားလေးဆောင်သီးသန့်စီမို့ ဘုရားဝတ်တက်ချိန်ပဲတွေ့ရပေမယ့် စာစစ်ရင်တော့ တစ်နေရာတည်းမှာ စစ်ကြတာမို့ တွေ့ခွင့်ရသည်။

စာစစ်တဲ့ ခုံတန်းတွေမှာ ပိုးဟပ်ဖြူကိုလိုက်ရှာလိုက်သည်။ အမှတ်ပေး စည်းမျဥ်းဆွဲတဲ့ ဆရာမက မလာသေးတာမို့ ဘေးမှာ မိန်းကလေးတစ်ယောက်နဲ့တွတ်ထိုးနေတာတွေ့၏။ ခုံက သုံးယောက်ထိုင်လို့ရတာမို့ ပိုးဟပ်ဖြူဘေးမှာပဲ ခပ်တည်တည်ဝင်ထိုင်ချလိုက်သည်။

" ဟဲ့ နေရာကြပ်တယ် ''

ပိုးဟပ်ဖြူဘေးမှာထိုင်နေတဲ့ တစ်ယောက်က မလိုလားသလို ပြောလာသည်။

" ကြပ်ရင် နင်ပြောင်းထိုင်လိုက် ''

တခြားခုံတွေရှိပေမယ့် ပိုးဟပ်ဖြူအနား ပေကပ်ပြီးထိုင်နေလိုက်၏။ ဘေးက မိန်းကလေးကလည်း လူကောင်နည်းနည်းကြီးပြီး သူကလည်း လူကောင်ထွားတာမို့ ခပ်သေးသေး ပိုးဟပ်ဖြူက အလည်မှာ ကြားညပ်နေတော့သည်။

" ကြပ်ပါတယ်ဆိုမှ ကျော်နေမင်း ''

ထပ်ပြောလာတဲ့ ဘေးက သူငယ်ချင်းကို မင်းခန့်ညား မျက်နှာသေနဲ့စိုက်ကြည့်ပေးလိုက်သည်။

" ကဲ ငါပဲ နေရာရွှေ့လိုက်မယ် ''

အတင်းကပ်နေတဲ့ သူ့ကြောင့် မျက်နှာပူဟန်ရှိနေတဲ့ ပိုးဟပ်ဖြူက နေရာမှထကာ ခုံအလွတ်တစ်ခုစီ သွားထိုင်တော့ သူပိုသဘောကျသွားသည်။ နေချင်တာ နှစ်ယောက်တည်းလေ။ ထောင့်စွန်းကျပြီး နောက်ဆုံးခုံမို့ အီစီကလီလုပ်ရမည်။

မခွဲအတူWhere stories live. Discover now