အပိုင်း - ၈

2.7K 110 23
                                    

Uni
.
.

" မနက်ဖြန် လာခေါ်မယ်။ ဘယ်သွားချင်လဲ ''

ဖုန်းချပြီးပြီးချင်းကို ကျော့်ဆီက စာဝင်လာတော့သည်။ နေခြည် လာမခေါ်ခိုင်းရဲပါ။

" မုန့်ဆိုင် တစ်ခုခုမှာ ထိုင်မယ်လေ။ ဘယ်အချိန်လာရမလဲ ''

လူပြတ်တဲ့နေရာတွေမှာလည်း နေခြည် ချိန်းမတွေ့ရဲပါ။ မမက ဘယ်သူ့ကိုမှ အယုံမလွယ်ရဟု သင်ပေးထားသည်။ ကျော့်ကို မယုံတာမဟုတ်ပေမယ့် ကာကွယ်သင့်တာ ကာကွယ်ထားရမည်ဟု နေခြည် တွေးမိသည်။

" လာခေါ်ပါမယ်ဆို ''

" မခေါ်နဲ့။ ငါရှက်တယ်။ ''

ပိုးဟပ်ဖြူရဲ့ စာကိုဖတ်ပြီး ကျော်နေမင်း သိပ်တော့ ဘဝင်မကျ။ ချစ်သူဖြစ်ပြီပဲဟာကို။ ခုမှ ဦးဦးဖျားဖျားလေးမို့ ရှက်နေမှာပေါ့ ဟု ဖြည့်တွေးလိုက်သည်။

" ၁၀ နာရီလောက်လာမလား။ အရင်တစ်ခါ ထိုင်ကြတဲ့ ဆိုင်ကိုပဲ ''

" အင်း ''

" ချစ်တယ် ''

ကျော့်ရဲ့ ချစ်စကားက နေခြည့်ရင်ထဲနွေးသွားစေသည်။.

" အင်း ''

" ချစ်လား ''

" အင်း ''

ရှက်တာမို့ အင်း တစ်လုံးပဲ ပြန်ပို့လိုက်သည်။

" မချစ်ဘူးလားလို့ ''

" ကျော်နော် ဖြေပြီးသားကို ''

" ချစ်တယ် လို့ပြော ''

" အိပ်တော့မယ် ''

" မရဘူး ချစ်တယ်လို့ပြော ''

... ချစ်တယ် လို့ပြော.....

Voice msg ပို့လာတဲ့ ကျော့်အသံကြီးက ချွဲအီနေသည်။

" ချစ်တယ် ''

နေခြည် စာပို့ပြီးပြီးချင်း လိုင်းပေါ်က ဆင်းပြီး ဖုန်းကိုပါ aeroplane mode ချထားလိုက်ရသည်။ တဒိန်းဒိန်း ခုန်ပေါက်နေတဲ့ ရင်ဘတ်ကို အသာဖိထားရင်း ကျော့်အသံကို ပြန်ကြားယောင်ကာ အပြုံးတွေက အဆုံးမသတ်နိုင်တော့ပေ။
.
.

ပိုးဟပ်ဖြူ ဆီက ချစ်တယ် ဆိုတာလေးဖတ်လိုက်ရတော့ ကျော်နေမင်း သွားမစေ့နိုင်အောင် ပြုံးပျော်နေတော့သည်။ အိပ်ယာပေါ် လှဲချပြီး ဘေးက ခေါင်းအုံးကို ဆွဲယူကို ကိုက်ထားလိုက်တာတောင် အသည်းယားနေတာက ပျောက်မသွား။ ချစ်သူတွေဖြစ်ပြီဆိုတော့ တွေ့ရင် ဖက်နမ်းလို့ရပြီ ထင်တယ်။ အသည်းတွေ အူတွေယားနေသမျှ တွေ့မှ အတိုးချပြီး ဖက်နမ်းပစ်လိုက်ဦးမယ် ဟု တွေးနေမိသည်။
.
.

မခွဲအတူWo Geschichten leben. Entdecke jetzt