အပိုင်း - ၂၀

2.6K 125 9
                                    

Uni
.
.
.

သူငယ်ချင်းတွေက မဏ္ဍပ်ရှေ့မှာ ကနေခဲ့ကြပေမယ့် ကျော်နေမင်း ဝင်မပျော်ချင်တာမို့ ကားနောက်မှာ မတ်တပ်ရပ်ကာ အပြင်ကို လိုက်ခဲ့လိုက်သည်။ ရိပ်ကနဲ မြင်လိုက်တဲ့ ဖြူဖြူသွယ်သွယ်ပုံစံလေးကို ပိုးဟပ်ဖြူနဲ့ တူတယ်ဟု ထင်ကာ လိုက်ကြည့်မိကာမှ ပိုးဟပ်ဖြူဖြစ်နေတော့၏။ ကောင်တစ်ကောင်နောက်က ကပ်ကာ လိုက်သွားပြီး ရင်ဘတ်ချင်းထိလုမတတ်နီးကပ်နေတာကို မြင်တော့ သဝန်တိုစိတ်က ကြီးကြီးမားမားအုံကြွလာတော့သည်။ သူ့ဒေါသကို မြင်တော့ လန့်သွားတဲ့ ပိုးဟပ်ဖြူက အရင်လို ကလန်ကဆန်မလုပ်ရဲဘဲ သူ့နောက်ကနေ ကုပ်ကုပ်ကလေး လိုက်လာ၏။

သူတို့ကားဆီရောက်လာတော့ လမ်းတစ်ဖက်မှာကျန်ခဲ့တဲ့ ညီညီကိုတို့ကားက ထွက်သွားသည်။ ကားပေါ်ကနေ နေခြည့်ကို လက်လှမ်းပြကြတော့ ပြန်နှုတ်ဆက်လိုက်၏။ ကိုညိုကီတို့ကား ထွက်သွားမှ နေခြည်စိတ်ပူသွားမိသည်။ မမကိုပြောခဲ့တုန်းက ကိုညိုကီတို့ကားနဲ့ကို အပြန်ကျမှ ကျော်ပါသည့် ကားနဲ့ပြန်လာလျှင် မမ စိတ်ဆိုးလောက်မည် ထင်သည်။

" ဘာတွေ တွေးနေတာလဲ ''

" အပြန်ကျ နင်ပါလာရင် မမစိတ်ဆိုးမှာစိုးလို့ ''

" ငါ ကြည့်စီစဥ်ပါ့မယ် ပိုးဟပ်ဖြူရယ် ''

တခြားယောက်ျားလေးနဲ့ နီးကပ်နေတဲ့ ပိုးဟပ်ဖြူကို စိတ်တိုချင်ပေမယ့် နွမ်းဖတ်ကာ ခိုက်ခိုက်တုန်နေတဲ့ ပုံစံကြောင့် သူ့နှလုံးသားက အရည်ပျော်ရပြန်၏။

" ကိုယ်ခံအားနည်းပါတယ်ဆို ဘာလိုက်လုပ်တာတုန်း။ လာ ဒီနားကို ဖျားပြီလား ကြည့်ရအောင် ''

ပြောရင်း လက်ကလေးက လှမ်းဆွဲကာ နဖူးကို စမ်းကြည့်လိုက်သည်။

" ငါ မဖျားပါဘူး။ ချမ်းရုံတင်ပါ။ ပြီးတော့ ဟိုမှာ မဏ္ဍပ်ထိုင််မယ်ဆိုလို့ လိုက်လာတာ ''

" အင်း...ငါတို့လည်း နေကုန်မလည်ဘူး။ မုန့်လုံးရေပေါ်လုပ်ကြမှာ ''

" ဪ နင်တို့အိမ်မှာလား ''

" မဟုတ်ပါဘူး ''

စကားစပြတ်သွားကာ သူငယ်ချင်းတွေအလာကို စောင့်နေလိုက်သည်။

မခွဲအတူWhere stories live. Discover now