အပိုင်း - ၃၅

2.3K 268 25
                                    

Uni
.
.

မမတို့က လက်ထပ်ပြီး အိမ်မှာပဲ နေကြဦးမှာမို့ နေခြည်တို့က အလိုက်တသိရှောင်ပေးရလေသည်။

" ခဏပဲနော် ပိုးဟပ်ဖြူ။ မောင်တို့လည်း မကြာခင် အိမ်ခွဲရအောင် ''

သူ့အိမ်ကို မလိုက်ချင်တော့တဲ့ ပိုးဟပ်ဖြူက မျက်နှာတော့ သိပ်မကောင်း။
.
.

" မမ... သမီးတို့ ဟိုဖက်အိမ်ပြန်လိုက်ဦးမယ် ''

" ဒီမှာပဲနေကြလေ ''

" ဖေဖေတို့ကလည်း ပိုးဟပ်ဖြူမ ကို လွမ်းနေပြီတဲ့ မမရေ။ ပြန်လိုက်ဦးမယ် ''

ကျော်က နှုတ်ဆက်စကားဆိုပေမယ့် နေခြည်ကတော့ မျက်နှာမပျက်အောင်သာ ထိန်းနေရသည်။ မမကို ဒီထက် အပူမပေးချင်တော့။ နေခြည် ဒီအရွယ်ရောက်တဲ့အထိ ခလုတ်မထိ ဆူးမငြိအောင် ပြုစုစောင့်ရှောက်ပေးခဲ့ရုံနဲ့တင် လွန်လှပြီ။ မမကို ဒီထက်ပို မပင်ပန်းစေချင်တော့။
.
.

အိမ်ပြန်လာတော့လည်း ကျန်တဲ့သူတွေနဲ့ အကုန်အဆင်ပြေပေမယ့် မေမေနဲ့ကတော့ ထုံးစံအတိုင်းသာ။ နေခြည့်စိတ်ထဲမှာတော့ ဒဏ်ရာသေးသေးလေးတွေက မွစာကြဲနေကာ ယောက္ခမဖြစ်သူကို မျက်နှာချင်းပင်မဆိုင်မိအောင် ကြိုးစားနေလေသည်။ စကားလေးပြောဖြစ်တာနဲ့ တစ်ခုမဟုတ် တစ်ခု အပြစ်ဖြစ်တော့တာမို့ နေခြည် အတတ်နိုင်ဆုံးရှောင်နေမိသည်။ ကျော်သာ ကျောင်းပြီးရင် နေခြည်တို့ ဒီလိုဖြစ်စရာအကြောင်းမရှိပေ။ အလကားနေရင်း ကျော့်အပေါ်မှာသာ ဒေါသတွေပုံချနေမိတော့၏။
.
.

" မိန်းမရေ... မောင် ကောက်ထားတဲ့ဆိုင်ကယ် ကြည့်ချင်လို့တဲ့ သွားပြလိုက်ဦးမယ် ''

စီးမရတဲ့ဆိုင်ကယ်မို့ နှစ်သိန်းခွဲနဲ့ပေးလိုက်တဲ့ ဆိုင်ကယ်သည် ကျော်နေမင်း လက်ထဲရောက်တော့ အကောင်းကြီးအတိုင်းဖြစ်နေတာမို့ ထီပေါက်သလို ကံကောင်းသွားလေသည်။ ကာဗာတွေကို ဆေးအသစ်မှုတ်၍ အနည်းငယ်ပြန် သ လိုက်တော့ အသစ်နီးပါးဖြစ်သွားတာမို့ စျေးကောင်းရမည့် ဘီးဖြစ်လာလေ၏။ ပွဲမဖြစ်တာလည်း ကြာနေပြီမို့ ကျော်နေမင်း ပျော်လို့နေသည်။

" အလုပ်သွားမယ့်ယောက်ျားကို လိုက်ပို့ပါဦး အသည်းတုံးရဲ့ ''

မခွဲအတူWhere stories live. Discover now