အပိုင်း - ၂၉ ❤❤❤

5.7K 163 20
                                    

Uni
.
.

" ဟရေး ကျော်ကြီး။ ကလာမာလေးကို စိတ်ကောက်သွားဒလား။ ဟရေး အာကိုလေး ''

ကုလားသံလေးနှောကာ စိတ်ဆိုးပြေအောင် စနောက်ကြည့်ပေမယ့် ကျော်ကြီးစိတ်ကောက်တာက ပြန်ဖြောင့်မလာသည့်အပြင် နေခြည့်ကို လှည့်ပင်မကြည့်ဘဲ အိမ်ထဲသို့ဝင်သွားလေတော့၏။

" အယ် ကျော်... တကယ်ကြီး ကောက်သွားပြီတော် ''

ရည်းစားသက်တမ်းနဲ့ အိမ်ထောင်သက်တမ်းတစ်လျှောက် နေခြည်ကချည်း စိတ်ကောက်ခဲ့တာမို့ ကျော် စိတ်ကောက်တဲ့အလှည့်ကျ နေခြည် ဘယ်လိုချော့ရမှန်းမသိဖြစ်နေသည်။ နေခြည့်စကားကလည်း မှားသွားတာမို့ ကျော် စိတ်ဆိုးရင်လည်း ဆိုးချင်စရာပါပေ။

ဖေဖေ နဲ့ မကြီးကတော့ ရုံးသွားကြပြီမို့ မနက်စာစားတော့ နေခြည်၊ ကျော် နဲ့ မေမေပဲရှိလေသည်။ မေမေကလည်း နေခြည်ရှိနေလျှင် ကျော့်ကိုပါ စကားမပြောတော့ပေ။ နေခြည့်ကိုလည်း သူ့သားကယူထားတာမို့ မတတ်သာတာကြောင့် ပြောဆိုဆက်ဆံနေရသည်ဟု ထင်မြင်မိတော့၏။ စိတ်ဆိုးနေတဲ့ ကျော်ကတော့ မနက်စာကို ခပ်သွက်သွက်စားကာ အပေါ်တက်သွားလေသည်။

" မေမေ ပန်းကန်တွေ သမီးဆေးလိုက်မယ် ''

" နေပါစေ။ ငါလုပ်နိုင်တယ်။ ''

ကိုယ့်ကို ဝင်မလုပ်စေချင်မှန်းသိသာနေတာမို့ နေခြည်လည်း ကိုယ့်ပန်းကန်ကိုယ်ဆေးကာ အိမ်ရှေ့ထွက်လာပြီး ဗိုက်ချောင်အောင် လမ်းလေး အနည်းငယ်လျှောက်ရင်း ကျော့်ကို ချော့ရန် နည်းလမ်းစဥ်းစားနေမိလေသည်။ နောက်ဆုံးတော့ အကြံရကာ အပေါ်တက်လာခဲ့လိုက်သည်။
.
.

" ငါ စိတ်ကောက်နေတာရော သတိရသေးရဲ့လားပဲ ''

ပိုးဟပ်ဖြူက အောက်မှာ မနက်စာစားပြီး လမ်းလျှောက်နေချိန်တွင် ကျော်နေမင်းမှာ အခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း လာချော့မယ့်သူကို စောင့်နေလေသည်။

" ချော့ချင်လည်း ငါတက်လာကတည်းက လိုက်လာမှပေါ့။ တွေ့မယ်။ ဟွန်းးး... ''

" စ စရာရှားလို့ကွာ... ဒီဝါးခြမ်းပြားကတော့ ''

သူကသာ တွေးချင်ရာတွေးပြီး စိတ်ဒုက္ခရောက်နေပေမယ့် သူ့ပိုးဟပ်ဖြူကတော့ ပေါ်မလာသေးပေ။ ငယ်ငယ်ကတည်းက ဘဲကြည်လို့ သဝန်တိုရတဲ့အပြင် ချစ်သူဖြစ်နေချိန်မှာတောင် ကြာကူလီလုပ်တဲ့လူရှိလို့ သူ့မှာတော့ မရရအောင် အကြံကုန်သုံးကာ လက်ထပ်ထားရတာဖြစ်သည်။ ဒါကို နားမလည်တဲ့ ပိုးဟပ်ဖြူက စကားကိုလွယ်လွယ်ပြောလွန်းတာမို့ သူစိတ်တိုတာ မလွန်ပါ။

မခွဲအတူWhere stories live. Discover now