အပိုင်း - ၂၃

2.6K 113 13
                                    

Uni.
.
.

" အသည်းလေး မောင် သန်ဘက်ခါပြန်လာမယ်။ ကျောင်းမှာ ကမ်ပိန်းလေးတွေရှိလို့ ကျောင်းတက်စရာမလိုဘူး ''

" ပြီးရော ''

အခုဆိုနေခြည်နဲ့ကျော်ပြန်တွဲတာ တစ်နှစ်ကျော်ပြီဖြစ်သည်။ နှစ်ဖက်မိဘသိတဲ့ဆက်ဆံရေးမို့ ပေါ်တင် တွဲသားတွဲလာလုပ်ဖြစ်၏။ ကျော့်အမေကတော့ သဘောမတူပေမယ့် ကျော့်အဖေနဲ့တော့ တစ်ခါတစ်ရံဖုန်းပြောဖြစ်သည်။ မမကတော့ ခပ်တည်တည်ခပ်တန်းတန်းနေ၏။ နေခြည် ချစ်ရတဲ့သူမို့သာ တွဲခွင့်ပြုထားပေမယ့် ကျော့်အမေကို သဘောမကျဟု ပြောဖူးသည်။

အချိန်တွေကုန်တာ မြန်ပေမယ့် ထိုအချိန်တွေကြားထဲကပင် နေခြည်တို့ ပိုက်ဆံစုဖြစ်လေသည်။ ကျော်ကတော့ နေခြည်တို့နှစ်ယောက်နာမည်နဲ့ လက်ထပ်ဖို့ရည်ရွယ်ကာ စုထား၏။ နေခြည်ရော အတူတူစုချင်ပေမယ့် ကျော်က လက်မခံ။ မင်္ဂလာစားရိတ်နဲ့ တင်တောင်းငွေကို သူပဲသီးသန့်စိုက်ထုတ်ချင်သည်ဟုဆိုတာမို့ နေခြည်က စျေးရောင်းရင်း ပိုတဲ့ငွေကို သီးသန့်စုထား၏။ ဘဏ်စာအုပ်တွေအကုန်လုံးကို နေခြည့်ဆီအပ်ထားတာမို့ ကျော့်အမေက ပိုမကြည်နေမှန်း နေခြည်သိသည်။

" မောင်လာခေါ်မယ် အိမ်ကစောင့် ''

ကျော်ပြန်ရောက်တဲ့နေ့မို့ နှစ်ဦးသား မုန့်စားထွက်ကြမည်။ ကျော်က သူ့ကို မောင်လို့ ခေါ်စေချင်ပေမယ့် နေခြည့်နှုတ်ကသိပ်မရဲ။ နှစ်ယောက်တည်းဆို ခေါ်ရဲပေမယ့် လူကြားထဲဆို ရှက်နေဆဲပင်။

ခဏနေကျော်လာခေါ်တော့ မမကို နှုတ်ဆက်ကာထွက်ခဲ့လိုက်သည်။

" လာ ဒီဆိုင်က ကွေ့တီယိုရှယ်ကောင်း ''

" အစပ်လျှော့ခိုင်းနော် ကျော် ''

တကယ်တော့ နေခြည်မပြောလည်း နေခြည့်အကြိုက်ကို ကျော်က သိပြီးသားပင်။

" နောက်လတော့ မောင် ပိုက်ဆံမထည့်နိုင်လောက်ဘူး။ စာမေးပွဲနဲ့ဆိုတော့ ''

" ဘာမှမဖြစ်ပါဘူး။ ဘဏ်စာအုပ်ကို မောင့်ဆီယူရင်ယူထားပါလား။ နေခြည်ယူထားရတာ အန်တီ့ကို အားနာလို့။ အမေကိုကျော်ပြီး ရည်းစားကို...''

မခွဲအတူWhere stories live. Discover now