အပိုင်း - ၃၄

2.4K 267 11
                                    

Uni
.
.

" ဘုရားသွားကြမယ်နော် မ ''

" ဟုတ် ''

သဇင်ပန်းတွေနဲ့အပြိုင် အလှကြီးလှနေတဲ့ မဇင်မီကို ထွန်းလင်း လည်ပင်းစောင်းမတတ်လှည့်ကြည့်နေမိသည်။

" ကိုလင်း ရှေ့ကြည့်မောင်းပါဦး ''

မဇင်မီဆီက ရှက်သံဝဲဝဲလေးနဲ့ သတိပေးသံကိုကြားမှ ရှေ့တည့်တည့်လှည့်ကာ ကားမောင်းတာကို ဂရုစိုက်မိသည်။

" တကယ်တော့ ဒီနေ့က ကျွန်တော့်ဆိုင် လက်မလည်အောင်ရောင်းရမယ့်နေ့။ ပိတ်ရက်တွေဆို လူကျတတ်တယ်လေ ''

" ဪ ''

" ဒါတောင် ဆိုင်ပိတ်လာတယ်ဆိုတော့ ကျွန်တော့်အတွက် မ က ဘယ်လောက်အရေးပါလဲ သိရဲ့လား ''

" ကိုလင်း ကလည်း ''

မဇင်မီက ပုံမှန်ဆို မရှက်တတ်ပေမယ့် ကိုထွန်းလင်းဆီက ကဗျာဆန်ဆန် ချစ်ကြောင်းကြိုက်ကြောင်းတွေ ပြောလာလျှင်တော့ မျက်နှာလေး ရဲလာသည်အထိရှက်တတ်သည်။ မဇင်မီ ရှက်သွားလျှင် သူနဲ့ မျက်လုံးချင်းဆုံအောင်မကြည့်တော့ပေ။

" တကယ်ပြောတာ။ ကျွန်တော်ရှက်ရှက်နဲ့ပဲ ဝန်ခံလိုက်ဦးမယ်။ မ ပထမဆုံး ကျွန်တော့်ဆိုင်လာမယ်ပြောတုန်းက ဆံပင်ညှပ်ပြီး အေပရွန်တောင် အသစ်ဝယ်ဝတ်တာ သိရဲ့လား ''

ပြောရင်း ကိုထွန်းလင်းက သဘောတကျပြုံးနေလေသည်။
.
.

ဘုရားကြီးရောက်တော့ ကိုထွန်းလင်းက ဇင်မီ့ဖိနပ်ကို သူကိုယ်တိုင်ကိုင်ကာ အပ်လေ၏။ ဇင်မီကတော့ အားနာမဆုံးဖြစ်နေပေမယ့် ကိုထွန်းလင်းကတော့ အပျော်ကြီးပျော်နေတာ သိသာလှသည်။

" မ ''

" ဟင် ''

" ကျွန်တော့်လက်ကို ချိတ်ထားပါလား ''

" ရှင် ''

မဇင်မီက ကြောင်အမ်းအမ်းလေးဖြစ်သွားတာမို့ သူလည်း စကားဆက်ပြောမနေတော့ဘဲ လက်ကလေးတစ်ဖက်ကို ဆွဲယူကာ သူ့လက်ဖျံမှာ ချိတ်ထားလိုက်သည်။

" ချစ်သူတွေပဲဟာ ''

" အဟင်းဟင်းး...''

ခပ်တိုးတိုး သူဆိုတော့ မဇင်မီက ရှက်ရမ်းရမ်းကာ ခပ်သောသောလေးရယ်သည်။ မဇင်မီ ထိုကဲ့သို့ ရယ်လိုက်တိုင်းလည်း သူ့ရင်ထဲမှာ လှိုင်းခတ်သွားလေ့ရှိ၏။

မခွဲအတူUnde poveștirile trăiesc. Descoperă acum